သေခြင်းတရားရဲ့ရှင်သန်ခွင့်{part17}

1.1K 21 0
                                        

သေခြင်းတရားရဲ့ရှင်သန်ခွင့်

#အခန်း၁၇#

''သေခြင်းတရား ခွင့်အန္တရာယ်ကင်းတယ် အားးရှင်လုံးဝမပေးနဲ့နော် ခွင့်သူ သူအားးဘာမှမဖြစ်ဘူး သူအန္တရာယ်ကင်းတယ် သူရှိတဲ့နေရာကို ဘယ်သူမှမသိဘူးသူတို့ရှာမတွေ့ အားးး´´

သူမနာကျင်နေသော်လဲ ပြောချင်သည့်စကားများကိုအဆက်မပြက်ပြောနေလေသည်။ယွန်းမဒီချို သူမအား ရိုက်နှက်နေသော်လဲ ဂရုမစိုက်ပဲ အဖြစ်မှန်ကိုပြောပြနေရှာသည်။

ဒါဆို ခွင့်ဘာမှမဖြစ်ဘူးပေါ့ ခွင့်ကိုသူတို့ခေါ်မထားဘူးပေါ့ သူ့ကိုသာမဟုတ်ပဲသက်သက်မျှားခေါ်တာပေါ့

ဒုတ် အာ့

သူတွေးနေဆဲမှာပင် သူ့အနောက်မှ ရိုက်လိုက်တဲ့ ရိုက်ချက်ကြောင့် ​လဲကျသွားလေသည်။အရာအားလုံးဟာ အမှောင်အတိ!

''နင်သေချင်လို့ပြောတာလားဟမ်´´

''ရှင်တို့လက်ထဲကို ဘယ်တော့မှသူ့အမွေတွေမရောက်စေရဘူး ဟွန်းးဘယ်တော့မှလဲခွင့်ကိုရှာမတွေ့စေရဘူး´´

''အာ တောက်!ဒီကောင်မတော့ကွာ´´

''အာ့ အမေ့´´

''သေစမ်း သေစမ်း´´

''သတ်ပစ်လိုက် ကျွန်မသေတောင်ရှင်တို့ကိုလုံးဝမပြောဘူး သတ်လိုက်´´

''တောက်!တော်တော်ခေါင်းမာတဲ့ကောင်မ မဒီ သူ့ကိုအပြက်ရှင်းလိုက်တော့ ကိုကို သေခြင်းတရားအခြေနေကြည့်လိုက်အုံးမယ်´´

မဒီခေါင်းငြိမ့်ပြလိုက်ကာ သာလွန်မြတ်လက်ထဲမှ အသားချောင်းကိုယူလိုက်ကာ အားအကုန်သုံးပီး မိဆုခေါင်းသို့ အားကုန်လွှဲရိုက်ပစ်လိုက်သည်။

ကျွတ် ကျွတ်!!

နာကျင်မှု့ကြောင့် ခေါင်းတစ်ခုလုံး ချာချာလည်အောင်မူးနောက်နေလေသည်။သူ့မျက်လုံးအစုံကိုဖွင့်ကြည့်လိုက်တော့ အပေါ်မှသူ့အားပြုံးပြုံးကြီးကြည့်နေသော သာလွန်မြတ်ဆိုတဲ့ ရွံစရာကောင်းတဲ့သူ့အကို

''သတိရလာပီပဲ အဟွန်းး´´

''သာလွန်မြတ် ကျုပ်ကိုကြိုးဖြည်ပေးစမ်း´´

သေခြင်းတရားရဲ့ရှင်သန်ခွင့်Donde viven las historias. Descúbrelo ahora