သေခြင်းတရားရဲ့ရှင်သန်ခွင့်
#အခန်း၂၃#
''ဦးမင်းဇော် ခင်ဗျားအခုဘာပြောလိုက်တယ်´´
''ဥက္ကဌကြီး အသက်ရှင်နေပါသေးတယ်လို့ပြောတာပါ´´
''ဘယ်လို!!´´
ခြင်း နားမလည်သောမျက်ဝန်းများဖြင့် ဦးမင်းဇော်အားကြည့်နေမိသည်။သို့သော် သူ့စကားကို မယုံကြည်နိုင်ပေ။
''ဒီကိစ္စတွေအားလုံးကို ဥက္ကဌရဲ့အကို ဒုဥက္ကဌသိလို့မရပါဘူး´´
''ဘာလို့လဲ ဘာလို့သိလို့မရတာလဲ´´
''ဥက္ကဌ တစ်ကယ်ပဲမမှတ်မိဘူးကို တစ်ကယ်တော့ ဒုဥက္ကဌက ဥက္ကဌထင်နေသလို ဥက္ကဌအပေါ်ကောင်းတဲ့လူမဟုတ်ပါဘူး´´
သူ့စကားကြောင့် ခြင်းရီချင်မိသည်။သူကိုယ်တိုင်ကတောင် ကောင်းခဲ့တာမဟုတ်ပဲ သူများကိုပြောချင်နေသေးတယ်။
''ဦးမင်းဇော်ပြောနေတာတွေ ကျွန်တော်ဘာတစ်ခုမှနားမလည်ဘူး ဒယ်ဒီက ကားမှောက်ပီးဆုံးသွားတာလေ ကျွန်တော်သဂြိုလ်ပေးလိုက်တာ မှတ်မိပါတယ် မဖြစ်နိုင်တာတွေ ပီးတော့ ဘာကြောင့် ကိုကြီးကိုမဟုတ်တာတွေပြောနေရတာလဲ´´
''ကျွန်တော်ပြောနေတာအမှန်ပါ ဥက္ကဌ မှတ်မိလာတဲ့တစ်နေ့ ကျွန်တော့်ကိုယုံပါလိမ့်မယ်´´
''အခုဦးမင်းဇော်စကားတွေက ကျွန်တော်တို့ညီအကိုကို စိတ်ဝမ်းကွဲအောင် တမင်လုပ်ကြံပြောနေသလိုပဲ ဘာရည်ရွယ်ချက်ရှိလဲတော့မသိပေမယ့် ကျွန်တော့်ကို အဲ့နည်းနဲ့မတိုက်ခိုက်ပါနဲ့ ကျွန်တော် ဦးမင်းဇော်ကို ယုံကြည်ခဲ့တာ ကျွန်တော့်ယုံကြည်မှု့ကို မချိုးဖောက်ပါနဲ့´´
ဦးမင်းဇော်မျက်နှာပျက်သွားတာသိသာသည်။
''တောင်းပန်ပါတယ်ဥက္ကဌ ကျွန်တော်မှားပါတယ်´´
''ဒါဆိုလဲ သွားတော့ နောက်ဆိုအဲ့လိုမဟုတ်တာတွေ လာမပြောပါနဲ့ သေသွားနဲ့ဒယ်ဒီ့ကို အားနာပါအုံး´´
''ဒါပေမယ့် ဥက္ကဌကြီးက တစ်ကယ်ပဲအသက်ရှင်နေပါသေးတယ်´´
''လာပြန်ပီ´´
YOU ARE READING
သေခြင်းတရားရဲ့ရှင်သန်ခွင့်
Romance❣️သေခြင်းတရားရဲ့ရှင်သန်ခွင့်❣️ ကျုပ်နာမည် သေခြင်းတရား ကျုပ်ဘယ်တော့မှ သေရမှာမကြောက်ဘူး သေမင်းကတောင်ကျုပ်ကို ကြောက်သွားစေရမယ် ဒါပေမယ့် မင်းရဲ့အဝေးမှာနေရမှာတော့ ကျုပ်ကြောက်မိတယ် 🖤သေခြင်းတရား🖤
