သေခြင်းတရားရဲ့ရှင်သန်ခွင့်
#အခန်း၆#
''ကျွန်တော်ဒီနေ့ခေါ်တဲ့ အစည်းအဝေးကတော့ အားလုံးသိကျတဲ့အတိုင်း ဒယ်ဒီကလဲ မရှိတော့ဘူးဆိုတော့ ကုမ္ပဏီကို ဆက်ထိန်းသိန်းဖို့အတွက် သားတစ်ယောက်ဖြစ်တဲ့ ကျွန်တော်သာလွန်မြတ်က ဒယ်ဒီ့အစား ကုမ္ပဏီရဲ့ ဥက္ကဌနေရာမှာ ဦးဆောင်ပီး လုပ်ငန်းအားလုံးကို လုပ်ဆောင်သွားမှာပါ
အားလုံးကလဲ ထောက်ခံမယ်လို့ထင်ပါတယ် အကယ်၍ မထောက်ခံနိုင်ဘူး ကန့်ကွက်တယ် ကျွန်တော့်လက်အောက်မှာ မလုပ်နိုင်ဘူးဆ်ုရင် ရှယ်ယာကိုနှုတ်ထွက်ပီး ထွက်သွားနိုင်ပါတယ် ကဲ ဘယ်သူကန့်ကွက်လဲ ထောက်ခံလဲ ရွေးရအောင်´´
''နေပါအုံး ဦးသာလွန်မြတ်ရယ် မလောပါနဲ့´´
''ဟင် မင်း´´
ပြက်သားသော အသံကြောင့် သာလွန်မြတ် လှည့်ကြည့်လိုက်သည်။သေခြင်းတရား မျက်နှာကို မချိုမချဥ်လုပ်ကာ ဝင်လာသောကြောင့် သူကြောင်အမ်းအမ်းနဲ့ကြည့်နေသည်။အတန်ကြာမှ သတိဝင်လာကာ
''ဘာလာလုပ်တာလဲ သေခြင်းတရား ငါအစည်းအဝေးလုပ်နေတာ မင်းမမြင်ဘူးလား´´
''မြင်ပါတယ် ကျွန်တော်လဲ ဒယ်ဒီရဲ့ သားတစ်ယောက်အနေနဲ့ ဒီအစည်းအဝေးကို လာပီးတက်ရောက်တာလေ ဘာမှားလို့လဲ´´
''သေခြင်းတရား မင်းလာပီးတော့ဖျတ်ဆီးနေတာလား´´
''ဟာ အဲ့လိုမပြောပါနဲ့ ဦးသာလွန်မြတ်ရယ် ကျွန်တော်က အမှန်တရားကိုလာပြောတာပါ´´
''ဘာ အမှန်တရားလဲ´´
''ဒီမှာပါ ဒါက ကုမ္ပဏီရဲ့ဥက္ကဌဖြစ်တဲ့ ကျွန်တော့်ဒယ်ဒီရဲ့ နောက်ဆုံးဆန္ဒပါ ကုမ္ပဏီကို ဒယ်ဒီက ကျွန်တော့်ကို ဦးဆောင်စေချင်တယ် အားလုံးလွှဲပြောင်းပေးသွားတယ် အမွေတွေကော အားလုံးလွှဲပေးသွားတယ် သားအကြီးဖြစ်တဲ့ ဟောဒီက ဦးသာလွန်မြတ်အတွက်ကတော့ သူအခုလက်ရှိ ဦးဆောင်နေတဲ့ ကုမ္ပဏီခွဲရယ် တိုက်တစ်လုံးရယ် ကားတစ်စီးရယ်အမွေပေးသွားပါတယ် ဒီမှာကြည့်ပါ စာရွက်စာတမ်းအပြည့်အစုံပါ´´
''ဘာကွ´´
သာလွန်မြတ် ဒေါသအနည်းငယ်ထွက်သွားကာ သေခြင်းတရားလက်ထဲမှ စာရွက်များကို ဆွဲယူကာကြည့်လိုက်သည်။
ВЫ ЧИТАЕТЕ
သေခြင်းတရားရဲ့ရှင်သန်ခွင့်
Любовные романы❣️သေခြင်းတရားရဲ့ရှင်သန်ခွင့်❣️ ကျုပ်နာမည် သေခြင်းတရား ကျုပ်ဘယ်တော့မှ သေရမှာမကြောက်ဘူး သေမင်းကတောင်ကျုပ်ကို ကြောက်သွားစေရမယ် ဒါပေမယ့် မင်းရဲ့အဝေးမှာနေရမှာတော့ ကျုပ်ကြောက်မိတယ် 🖤သေခြင်းတရား🖤
