သေခြင်းတရားရဲ့ရှင်သန်ခွင့်
#အခန်း၃၀#
အားးကျွတ်.....ကျွတ်.....ကျွတ်
''သတိရလာပီပဲ ဟွန်းး´´
မျက်လုံးအစုံကိုဖွင့်လိုက်သည်နှင့် သူ့အားငုံကြည့်နေသော ရွံစရာကောင်းတဲ့ သာလွန်မြတ်ရဲ့အကြည့်
''ခွင့်ဘယ်မှာလဲ...ဘယ်ရောက်သွားပီလဲ ကာရံကော ကာရံဘယ်မှာလဲ´´
''စိုးရိမ်ရတဲ့လူတွေတော်တော်များနေတာပဲ အဟက် ဘယ်သူနဲ့အရင်ပေးတွေ့ရမလဲတောင်မသိတော့ဘူး´´
''ဒီမယ်သာလွန်မြတ် ခင်ဗျားလိုချင်တာဘာလဲဆိုတာကျုပ်သိတယ် အဲ့တာကြောင့် ခွင့်နဲ့ကာရံ့ကိုလွှတ်ပေးပါ ခင်ဗျားလိုချင်တဲ့အမွေတွေအားလုံးကျုပ်ပေးမှာမို့´´
''နိုး...နိုး ငါအခုအဲ့တာမလိုတော့ဘူး´´
''ဘာ....´´
''ငါအခုလိုတာက မင်းရဲ့အသက်ပဲ...´´
''ဟုတ်ပီလေ ဒါဆိုလဲ ခွင့်နဲ့ကာရံ့ကိုအရင်လွှတ်ပေးလိုက် ပီးတာနဲ့ ခင်ဗျားနဲ့ကျွန်တော်နှစ်ယောက်ထဲအေးဆေးပြောကျမယ်´´
''အဲ့လိုလုပ်လို့လဲမဖြစ်ဘူးလေ...ရှင်သန်ခွင့်ကိုယ်တိုင် မင်းသေတာကိုထိုင်ကြည့်ရမယ်´´
''ဘာ သာလွန်မြတ် ခင်ဗျားဘာပြောတယ်´´
သာလွန်မြတ်က သူပြောတာဂရုမစိုက်ပဲ အိတ်ထောင်ထဲမှဖုန်းကိုထုတ်ကာ
''အင်းမဒီ သူတို့ကိုဒီဘက်ခေါ်ခဲ့´´
ခနကြာတော့ ယွန်းမဒီချိုနဲ့အတူ ခွင့်ကောကာရံပါ အတူလိုက်လာသည်။ခွင့်နဖူးလေးပေါ်မှာ သွေးအနည်းငယ်ထွက်နေပီး နှုတ်ခမ်းတွင်လဲသွေးများစို့နေသည်။
''ဟင်!!ခွင့် ခင်ဗျသူ့ကိုရိုက်ထားတာလား´´
''သူကခေါင်းမာတာကိုး အဟက်´´
''တောက်!!´´
''ရှင်ဘာလို့ဒီကိုလာတာလဲသေခြင်းတရား ကျွန်မရှင့်ကိုပြောပီးပီလေ ကျွန်မကိုအလကားစိတ်ပူမနေနဲ့လို့ ရှင်နဲ့ကျွန်မဘာမှဆိုင်တော့တာမဟုတ်ဘူး´´
သူမပြောနေပေမယ့် မျက်ရည်များကစီးကျနေလေသည်။သူ့ကိုမျှော်လင့်နေမိတာမှန်ပေမယ့် သူဒုက္ခရောက်နေမှာကိုတော့ သူမဘယ်လိုကြည့်ရက်ရမှာလဲ....
VOUS LISEZ
သေခြင်းတရားရဲ့ရှင်သန်ခွင့်
Roman d'amour❣️သေခြင်းတရားရဲ့ရှင်သန်ခွင့်❣️ ကျုပ်နာမည် သေခြင်းတရား ကျုပ်ဘယ်တော့မှ သေရမှာမကြောက်ဘူး သေမင်းကတောင်ကျုပ်ကို ကြောက်သွားစေရမယ် ဒါပေမယ့် မင်းရဲ့အဝေးမှာနေရမှာတော့ ကျုပ်ကြောက်မိတယ် 🖤သေခြင်းတရား🖤
