သေခြင်းတရားရဲ့ရှင်သန်ခွင့်{part13}

1.2K 28 2
                                        

သေခြင်းတရားရဲ့ရှင်သန်ခွင့်

#အခန်း၁၃#

''သား ပြန်လာပီလား အလုပ်ကအဆင်ပြေခဲ့လား´´

''ဟုတ် ပြေတယ်ဒေါ်မိုး ဒါနဲ့ခွင့်ရော မတွေ့ပါလား´´

''ခွင့်ငိုနေတယ်သား´´

''ဟင် ငိုနေတယ်ဟုတ်လား´´

''ဟုတ်တယ် ဘာဖြစ်တာလဲမသိဘူး နေမကောင်းဘူးလားမသိဘူး ဒေါ်မိုးမေးတာလဲမဖြေဘူး သူငိုနေတာ နေ့လည်ကတည်းက ထမင်းလဲထွက်မစားဘူး´´

ခြင်းစိတ်မကောင်းဖြစ်သွားကာ အပေါ်သို့တက်လာကာ အခန်းထဲသို့ဝင်လိုက်သည်။

အိပ်ယာထက်မှာ ခွေခွေလေးလှဲနေကာ တအင့်အင့်ရှိုက်ငိုနေတဲ့ သူမလေးဆီကို သူလျှောက်လာကာ

''ခွင့် ခွင့်ဘာဖြစ်လို့လဲဟင်´´

''အဟင့်ဟင့် အီးဟီးဟီးဟီး´´

သူမေးတာကိုမဖြေပဲ ပို၍ပင်ငိုကြွေးနေလေသည်။

''ကျုပ်တောင်းပန်ပါတယ်ခွင့်ရယ် ကျုပ်ဘာလုပ်ပေးရမလဲဟင်´´

''မတောင်းပန်နဲ့ ရှင့်ကိုမုန်းတယ် အီးဟီးဟီး´´

''အင်းပါခွင့်ရယ် သိပါတယ် သိပါတယ်´´

''မသိနဲ့ ရှင်ဘာလို့အခုလိုလုပ်တာလဲ´´

''ကျုပ်ခွင့်ကိုချစ်လို့လေ´´

''ရှင်လာညာမနေနဲ့´´

''မညာပါဘူးခွင့်ရယ် ကျုပ်မင်းကိုတစ်ကယ်ချစ်တာပါ´´

''ရှင်ညာနေတာ ရှင်ကျွန်မကိုတစ်ကယ်ချစ်တာဆိုရင် ကျွန်မကိုအိမ်ပြန်လို့ပြောမှာမဟုတ်ဘူး ဟီးဟီး ပီးတော့ ပီးတော့ လက်ထပ်စာချုပ်မှာလဲ ရှင်လက်မှတ်မထိုးဘူး အီးးဟီးးဟီးး´´

ကလေးတစ်ယောက်သဖွယ် အော်ငိုနေသောသူမက အရမ်းကိုချစ်ဖို့ကောင်းနေလေသည်။သူသဘောကျစွာရီမောလိုက်ပီး

''ခွင့်ရယ် ကျုပ်ကမင်းကိုအိမ်ပြန်ပို့မယ်လို့မပြောပါဘူး အိမ်ပြန်ခွင့်ပေးမယ်လို့ပြောတာလေ မင်းအိမ်ကအခြားလိုအပ်တာတွေယူဖို့ မင်းအိမ်ကို အိမ်ရှင်ဆီပြန်အပ်ဖို့ အိမ်ပြန်ခွင့်ပေးမယ်ပြောတာလေ စာချုပ်မှာကလဲ ကျုပ်လက်မှတ်ထိုးထားပါတယ် သေချာကြည့်ပါအုံး´´

သေခြင်းတရားရဲ့ရှင်သန်ခွင့်Место, где живут истории. Откройте их для себя