သေခြင်းတရားရဲ့ရှင်သန်ခွင့်
#အခန်း၁၁#
''ခွင့် အဆင်သင့်ဖြစ်ရင်အောက်ဆင်းခဲ့တော့နော် ကျုပ်မင်းကိုစောင့်နေမယ် ဒေါ်လေးတို့လဲရောက်နေပီ´´
''ကျွန်မဆင်းမလာနိုင်ဘူး ဒေါ်လေးတို့ကိုလဲမတွေ့ချင်ဘူး´´
''အဲ့လိုမလုပ်ပါနဲ့ခွင့်ရယ် ကျုပ်တောင်းပန်ပါတယ်နော်´´
''ဒီမှာ သေခြင်းတရား ရှင်ကျွန်မကိုတောင်းပန်လဲကျွန်မ ဆင်းမလာနိုင်ဘူး´´
''ခွင့်ရယ် လူကြီးတွေမျက်နှာကိုနည်းနည်းလောက်ငဲ့ပါအုံးကွာ´´
''မလာဘူး ရှင့်မိဘတွေလာခေါ်ရင်တောင်ကျွန်မ မလာဘူး´´
''ကျုပ်မှာမိဘတွေမှမရှိတော့တာခွင့်ရယ်´´
''ဟင်´´
ဝမ်းနည်းစွာပြောလာသည့်သူ့စကားကြောင့် ခွင့်နားမလည်သလိုဖြစ်သွားသည်။ဟိုတစ်ခါတုန်းကတောင် သူ့ကိုကားနဲ့လာခေါ်သွားသေးတာကို
''အို ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ မလာနိုင်ဘူး ဒေါ်လေးတို့ကိုလဲပြောလိုက်ပါ ပြန်ကျပါတော့လို့ ကျွန်မစိတ်လဲမကြည်ဘူး ဟန်ဆောင်ပီးလဲမပြုံးချင်ဘူး´´
''ဟုတ်ပီလေခွင့် ဒါဆိုလဲ မင်းကဆင်းမလာတော့ မင်းရှိရာကိုပဲ လူကြီးတွေကိုခေါ်ရမှာပေါ့´´
ခြင်းကပြောရင်း ထွက်သွားဖို့ပြင်တော့ သူမ သူ့လက်အားဆွဲထားလိုက်ရင်း
''ရှင် အဲ့လိုတော့မလုပ်နဲ့လေ ဟုတ်ပီဟုတ်ပီ ကျွန်မအခုဆင်းလာခဲ့မယ် ခနစောင့် အဝတ်အစားလဲအုံးမယ်´´
ခြင်းထိုအခါမှပြုံးလိုက်ကာ အခန်းအပြင်ကထွက်ကာ တံခါးပေါက်ရှေ့မှရပ်စောင့်နေလိုက်သည်။
''ဟင် အဟွန်းးး´´
တံခါးလေးပွင့်သွားသည်နှင့်အတူ ထွက်လာသောသူမကို ခြင်းကြည့်ကာ အံ့သြသလို ရီချင်သွားသည်။ကြည့်အုံးလေ လူကြီးတွေနဲ့တွေ့ပီးမင်္ဂလာကိစ္စပြောပါမယ်ဆိုမှ ဝတ်လာတဲ့ပုံစံနဲ့စီးထားတဲ့ဆံပင်တို့ကတစ်လွဲ
ခြင်းရဲ့ရှပ်အင်္ကျီအဖြူရောင်ကိုဝတ်ဆင်ထားတာ သေးသွယ်သောသူမခန္ဓာကိုယ်လေးနဲ့မလိုက်ဖက် ဝတ်ထားတဲ့ဂျင်းဘောင်းဘီပွပွကြီးက အောက်သို့ပုံကျလျှက်
ESTÁS LEYENDO
သေခြင်းတရားရဲ့ရှင်သန်ခွင့်
Romance❣️သေခြင်းတရားရဲ့ရှင်သန်ခွင့်❣️ ကျုပ်နာမည် သေခြင်းတရား ကျုပ်ဘယ်တော့မှ သေရမှာမကြောက်ဘူး သေမင်းကတောင်ကျုပ်ကို ကြောက်သွားစေရမယ် ဒါပေမယ့် မင်းရဲ့အဝေးမှာနေရမှာတော့ ကျုပ်ကြောက်မိတယ် 🖤သေခြင်းတရား🖤
