သေခြင်းတရားရဲ့ရှင်သန်ခွင့်{part22}

1.1K 22 0
                                        

သေခြင်းတရားရဲ့ရှင်သန်ခွင့်

#အခန်း၂၂#

''ဒေါ်မိုး သေခြင်းတရားဘယ်သွားလဲ´´

''အပြင်ထွက်သွားတယ်ထင်တယ်´´

''ဘယ်တုန်းကလဲ´´

''ခုနတုန်းကတော့ ကားသံကြားလိုက်တာပဲ´´

''ဟိုကောင်မလေးရောလား´´

''နန္ဒာဆိုတဲ့ကောင်မလေးလား´´

''အင်းဟုတ်တယ်´´

''သူကောပါသွားတယ်ထင်တယ်´´

''ဒါဆို ရှင်သန်ခွင့်ရော´´

''ခွင့်က သားနဲ့ကွာရှင်းပီးထွက်သွား´´

''သိပီ မပြောနဲ့တော့´´

စိတ်မရှည်စွာ အိမ်ပေါ်တက်သွားသော ယွန်းမဒီချိုကြောင့် ဒေါ်မိုး သက်ပြင်းချလိုက်ရင်း ယွန်းမဒီချိုနောက်သို့ လိုက်လာကာ

''မဒီ ဒေါ်မိုး စျေးဝယ်စရာလေးရှိလို့ အပြင်ခန´´

''ကျစ် သွားသွား´´

စိတ်မရှည်စွာ အော်လိုက်သဖြင့် ဒေါ်မိုးလန့်သွားကာ သူ့ရှေ့မှခေါင်းလေးငုံ့ပီး ထွက်လာခဲ့လေသည်။

ဒေါ်မိုးထွက်သွားသည်နှင့်အတူ ယွန်းမဒီချို သေခြင်းတရားအခန်းထဲဝင်ကာ ရှာဖွေမွှေနှောက်တော့လေသည်။

ပိုင်ဆိုင်မှု့စာချုပ် ဒီမှာများရှိမလား။ဗီရိုထဲကော။နေရာအားလုံးကိုရှာဖွေသော်လဲ ထိုပိုင်ဆိုင်မှု့နဲ့ပတ်သက်သည့် စာချုပ်တစ်ခုတစ်လေတောင်မတွေ့ပေ။

ကျွီးးး

''ဟင် ကားသံကြားတယ်´´

ကားရပ်သံကြားသဖြင့် ယွန်းမဒီချိုလန့်သွားကာ အခန်းထဲကထွက်ဖို့ပြင်လိုက်သည်။

''ဟင် ဘာလို့ဖွင့်မရတာလဲတံခါးက´´

တံခါးကလုံးဝဖွင့်မရပဲ လော့ကျနေလေသည်။

''ဒုက္ခပါပဲ ဒီအချိန်မှဖြစ်ရသလားဟယ်´´

''လာနန္ဒာ ဒီညတော့ အပြက်ပျော်ကျရအောင်´´

''ကျစ် လာနေပီ ဒုက္ခပဲ´´

အသံများက နီးသထက် နီးလာပီမို့ ယွန်းမဒီချိုဘာလုပ်ရမှန်းမသိဖြစ်နေသည်။

သေခြင်းတရားရဲ့ရှင်သန်ခွင့်Opowieści tętniące życiem. Odkryj je teraz