သေခြင်းတရားရဲ့ရှင်သန်ခွင့်{part26}

1.2K 20 0
                                        

သေခြင်းတရားရဲ့ရှင်သန်ခွင့်

#အပိုင်း၂၆#

၆နှစ်ခန့်ကြာသော်®®®

''ခွင့်နင်တစ်ကယ်ပဲပြန်မလိုက်ဘူးလား´´

''မလိုက်ပါဘူးဆိုမိဆုရယ် ငါကအဆင်ပြေပါတယ် နင်သွားပါ´´

''အဲ့လိုမလုပ်ပါနဲ့ဟာ လိုက်ခဲ့ပါနော်´´

''မိဆုရယ်နင်သိရဲ့သားနဲ့ဟာ ပီးတော့နင်ကခနပဲသွားမှာကို ငါမလိုက်တော့ပါဘူးဟာ ငါဒီမှာပဲ´´

''ခနပဲမို့လို့ခေါ်တာပေါ့ဟာ ငါကတော့အဆင်မပြေဘူး နင်လိုက်ခဲ့ရမယ်´´

''မဖြစ်ပါဘူးမိဆုရယ် ငါ ငါ အကယ်၍သူနဲ့များပြန်တွေ့ခဲ့ရင် ငါ´´

''ခွင့်ရယ် အခုသွားမယ့်နေရာကမြန်မာပြည်ဆိုတာမှန်ပေမယ့် သူရှိတဲ့မြို့မှမဟုတ်တာကို´´

''ဒါတော့ဒါပေါ့ဟာ ဒါပေမယ့်ငါမြန်မာပြည်ကိုပြန်ပီးခြေမချပါဘူးလို့ဆုံးဖြတ်ထားတာနင်သိနေတာပဲ´´

''ငါသိပါတယ်ခွင့်ရယ် ဒါပေမယ့်ငါနင့်ကိုမထားခဲ့နိုင်ဘူး အချိန်ကလဲတစ်ပတ်ပဲကြာမှာကို လိုက်ခဲ့ပါဟာနော် ပြန်တွေ့တော့လဲဘာဖြစ်လဲဟာ ပြုံးပြလိုက်ပေါ့´´

''ငါပြုံးနိုင်မယ်မထင်ဘူး သူကကောငါ့ကိုတွေ့ရင် ဒီတိုင်းနေမယ်ထင်လို့လား ငါ့ကိုပြန်ခေါ်ရင်ကော´´

''နင်သူ့ကိုမေ့ပစ်နိုင်ပီမဟုတ်ဘူးလားခွင့်´´

''ငါသူ့ကိုမမေ့ပစ်နိုင်ဘူး ပြန်တွေ့ရင်လဲငါပြုံးနိုင်မှာမဟုတ်ဘူး ငါသူ့ကိုတွေ့ရင်အရည်ပျော်သွားမှာ´´

''မတွေ့ပါဘူးခွင့်ရယ် အဝေးကြီးပါ သူကနေတာရန်ကုန်မြို့ ငါတို့အခုသွားမှာကပြင်ဦးလွင်ဘက် ကြည့်အုံးတခြားဆီကို´´

''ဒါပေမယ့်´´

''ကဲ ဒါပေမယ့်မနေနဲ့တော့ ပြောပီးပီနော် နင်လိုက်ရမယ် နင်မလိုက်ဘူးဆိုရင်ငါလဲမသွားတော့ဘူး´´

''အဲ့လိုတော့မလုပ်နဲ့လေ´´

''ဒါဆိုနင်လိုက်ရမယ် ငါအခုလက်မှတ်သွားဖြတ်တော့မယ် နော်ခွင့်´´

ခွင့်ဘယ်လောက်ပဲငြင်းနေပါစေ မိဆုကအတင်းခေါ်နေသဖြင့် ခေါင်းငြိမ့်လိုက်ရတော့သည်။

သေခြင်းတရားရဲ့ရှင်သန်ခွင့်Место, где живут истории. Откройте их для себя