သေခြင်းတရားရဲ့ရှင်သန်ခွင့်{part25}

423 8 0
                                    

သေခြင်းတရားရဲ့ရှင်သန်ခွင့်

#အပိုင်း၂၅#

''သေခြင်းတရား´´

''ဗျာ´´

''ခွင့်TVကြည့်ချင်လို့´´

''ကြည့်လေခွင့်ရဲ့´´

''ဒီနားလာခဲ့´´

ခွင့်ကဆိုဖာခုံကိုပုတ်ပြကာသူ့နားထိုင်ရန်ပြောလိုက်သဖြင့် ခြင်းသူ့ဘေးနားသို့ဝင်ထိုင်လိုက်သည်။ခွင့်သူ့ပေါင်ပေါ်လှဲအိပ်လိုက်ရင်း TVကိုဖွင့်ကာကြည့်လိုက်သည်။

ခွင့်ဆံပင်လေးများကိုလက်နဲ့ဖွလိုက်ကာ နဖူးလေးသို့ငုံ့နမ်းလိုက်ရင်း

''ခွင့် မနက်ဖြန်ကျရင်အိမ်ပြန်လိုက်မယ်မဟုတ်လား´´

''အင်း ကုမ္ပဏီကအပြန်ဝင်ခေါ်လိုက်လေ´´

''ဒါဆိုကျုပ်စောစောပြန်လာခဲ့မယ်နော်´´

''ဟုတ် ခွင့်ပစ္စည်းတွေအဆင်သင့်ထည့်ထားလိုက်မယ်´´

''ရပါတယ်ခွင့်ရဲ့ ပစ္စည်းတွေကနောက်မှယူလဲအဆင်ပြေတာကို´´

''မဟုတ်တာရှင်ရယ် တစ်ခါတည်းယူခဲ့တော့အဆင်ပြေတာပေါ့´´

''ဟုတ်ပါပီဗျာ ဒါဆိုလဲသဘောပါ´´

''အခုကတည်းကပစ္စည်းတွေထည့်ထားရမလားဟင်´´

''ခွင့်TVကြည့်ချင်တယ်ဆို´´

''TVကဘယ်ချိန်ကြည့်ကြည့်ရပါတယ် သိမ်းလိုက်မယ်နော်ပစ္စည်းတွေ´´

''ဟုတ်ပါပီဗျာ အခုကတည်းကထည့်တာလဲကောင်းတာပဲ မနက်ဖြန်မှဆိုရင်ခွင့်တစ်ယောက်တည်းပစ္စည်းတွေသိမ်းနေရမှာ´´

''ဒါဆို အခုပစ္စည်းတွေထည့်စို့´´

သူ့ပေါ်လှဲအိပ်နေရာမှထလိုက်ကာ ပစ္စည်းများထည့်ရန်အတွက် အိပ်ခန်းထဲဝင်ခဲ့လေသည်။သူအနောက်မှကပ်လိုက်လာကာ ခွင့်ပစ္စည်းများကို ကူထည့်ပေးနေသည်။

သူ့မျက်နှာလေးကိုငေးကြည့်ရင်း ခွင့်ပြုံးလိုက်မိသည်။သူ့ပုံစံကပျော်ရွှင်တက်ကြွနေလေသည်။ကျေနပ်ပါတယ် ခွင့်နောက်ဆုံးမြင်ချင်တာလဲ ဒီလိုပြုံးနေတဲ့မျက်နှာလေးပဲမဟုတ်လား။

သေခြင်းတရားရဲ့ရှင်သန်ခွင့်Nơi câu chuyện tồn tại. Hãy khám phá bây giờ