သေခြင်းတရားရဲ့ရှင်သန်ခွင့်{part8}

676 19 0
                                        

သေခြင်းတရားရဲ့ရှင်သန်ခွင့်

#အခန်း၈#

''အဟင်းးးနေကောင်းနေတယ်နော် ဒယ်ဒီ´´

''ဟင် မင်း မင်း သာလွန်မြတ်´´

''ဟုတ်ပါတယ်ဒယ်ဒီ ကျွန်တော်သာလွန်မြတ်ပါ ဘာလို့အဲ့လောက်တောင်လန့်သွားရတာလဲ ဒယ်ဒီ့သားကိုမြင်တာ သရဲကိုမြင်တာကျနေတာပဲ´´

''မင်း မင်းဘယ်လိုသိတာလဲ ငါဒီမှာရှိမှန်း´´

''အဟက် ဘာလဲ ဒယ်ဒီကကျွန်တော့်ကို ရှောင်ပြေးလို့ရမယ်လို့ထင်နေတာလား ကျွန်တော့်အနားက ထွက်သွားလို့ ကျွန်တော့်အရိပ်အောက်ကလွတ်မယ်လို့ထင်နေတာလား´´

''တော်စမ်း သာလွန်မြတ် ငါထွက်ပြေးတာမဟုတ်ဘူး ငါဆေးလာကုနေတာ´´

''ဒါဆိုဘာလို့ ကျွန်တော်မသိအောင် ခိုးကြောင်ခိုးဝှက်နဲ့ ဒီလိုအဝေးကြီးမှာ ဆေးလာကုနေရတာလဲ ကဲပါ အဲ့တာတွေထားလိုက်ပါတော့ ကျွန်တော်စိတ်မဝင်စားဘူး အဓိကက ကျွန်တော်သိချင်တာ ကျွန်တော့်ကို အမွေတွေလွှဲမပေးပဲ သေခြင်းတရားကို ဘာလို့အားလုံးလွှဲပေးခဲ့တာလဲ ဒယ်ဒီ´´

''သေခြင်းတရားက ငါ့သားမို့ငါလွှဲပေးခဲ့တာဘာဖြစ်လဲ´´

''ဒယ်ဒီပြောပုံက ကျွန်တော်ကရော ဒယ်ဒီ့သားမဟုတ်ဘူးလား ကျွန်တော်က သားအကြီးပါ ဒယ်ဒီမတရားလုပ်ခဲ့တာပဲ အခုချက်ချင်း အမွေတွေလွဲပြောင်းပေးပါ ဒယ်ဒီ´´

''ဟားးဟားးဟားးဒီမှာသာလွန်မြတ် မင်းကိုယ်မင်း ဟုတ်လှပီထင်မနေနဲ့ မင်းကိုငါကလွှဲပြောင်းပေးရလောက်အောင် ငါမရူးသေးဘူး တော်ရောပေါ့ ကုမ္ပဏီတစ်ခုနဲ့နေစရာရရင် ဘာတွေလာပီးလောဘလာတက်နေတာလဲ´´

''ဒယ်ဒီ´´

''သာလွန်မြတ် မင်းကငါ့သားမဟုတ်ဘူး အဲ့တာကြောင့် မင်းကိုငါလုံးဝအမွေတွေမပေးနိုင်ဘူး´´

''ဘယ်လို´´

သာလွန်မြတ်ခေါင်းတွေမူးနောက်သွားလေသည်။သူက ဒယ်ဒီ့သားမဟုတ်ဘူးတဲ့လား ဟင့်အင်း မဖြစ်နိုင်တာ အဓိပ္ပာယ်မရှိလိုက်တာ သူကဘာလို့ ဒယ်ဒီ့သားမဟုတ်ရမှာလဲ။

သေခြင်းတရားရဲ့ရှင်သန်ခွင့်Where stories live. Discover now