သေခြင်းတရားရဲ့ရှင်သန်ခွင့်{part16}

1K 20 0
                                        

သေခြင်းတရားရဲ့ရှင်သန်ခွင့်

#အခန်း၁၆#

''ရှင် ရှင်မူးနေတာလားဟင်´´

''အဟွန်းးခွင့် ကျုပ်ရဲ့ရှင်သန်ခွင့်လေး´´

''ဘာလို့အများကြီးသောက်လာရတာလဲ´´

''ကျုပ်ကိုထားမသွားပါနဲ့´´

''ရှင်အရမ်းမူးနေပီ´´

''ကျုပ်မင်းမရှိရင်သေသွားလိမ့်မယ်´´

''ရှင်အိပ်လိုက်ပါတော့´´

''ကျုပ်အနားကနေထွက်မသွားပါနဲ့´´

သူမပြောတာတခြားသူပြောနေတာတွေကတခြား မျက်ရည်းများစီးကျလျှက် သူမရှိရာကုတင်ဆီသို့ ယိုင်တိယိုင်တိုင် လျှောက်လာနေသောသူက သူမအနားရောက်တာနဲ့ သူမခါးလေးကို တင်းကျပ်စွာဆွဲဖက်လိုက်ရင်း

''ချစ်တယ်ခွင့်ရယ် ကျုပ်မင်းကိုသိပ်ချစ်တာပဲ´´

''အွင့် သေခြင်းတရား´´

သူမနှုတ်ခမ်းများကိုအတင်းစုပ်ယူနမ်းရှိုက်နေသောသူက သတိလက်လွတ်ဖြစ်နေသည်။

''ခွင့်ရယ် ချစ်တယ်´´

''အင့် သေခြင်းတရားဖယ်ပါအုံး´´

သူ့အနမ်းများကိုရှောင်ရင်းသူမပြောလိုက်ပေမယ့် သူကဂရုတောင်မစိုက်ပဲ ချစ်တယ်ဆိုတဲ့စကားကိုသာအထပ်ထပ်ပြောနေလေသည်။

''မင်းကကျုပ်ဘဝပါ ကျုပ်မင်းမရှိပဲနေနိုင်မယ်မထင်ဘူး ´´

''ရှင်ရယ်´´

သူမရင်တွေအရမ်းနာကျင်ရပါသည်။ကျွန်မဘာလုပ်ရမလဲ ကျွန်မထွက်မသွားရင်ရှင်ဒီထက်ပိုပီးဆိုးသွားလိမိ့မယ် ကျွန်မကိုနားလည်ပေးပါလားရှင်ရယ်

သူမထွက်သွားမည်စိုးသောကြောင့် အတင်းဖက်တွယ်ထားသောသူ့လက်တွေကိုခွင့်ဘယ်လိုလုပ်ဖြုတ်ရက်မှာလဲ သူမပုခုံးပေါ်မှီထားရင်းထွက်မသွားဖို့တစ်ဖွဖွပြောနေသောသူ့ကို ခွင့်ဘယ်လိုထားခဲ့ရမှာလဲ

သူမကိုတင်းကြပ်စွာဖက်ထားသောသူ့ခက်တွေက ပြေလျော့သွားကာ

''အဟွန်းးမေ့နေတာပဲ မင်းကထွက်သွားတော့မှာပဲ သွားပါ သွားလေ အဟက် နောက်ဆုံးတော့ ငါကအမြဲတစ်ယောက်ထဲပဲ ငါ့ဘဝကအရင်ကတည်းကတစ်ယောက်တည်းပဲလေ ဟုတ်တာပဲ ငါ့ဘက်မှာဘယ်သူမှမရှိတာ ငါမေ့နေတာပဲ အဟွန်းးငါ့ဘက်မှာငါတောင်မရှိဘူး ငါကိုယ်တိုင်ကလဲမင်းဘက်မှာပဲရှိနေတော့ ဘယ်လိုလုပ်ရမလဲ´´

သေခြင်းတရားရဲ့ရှင်သန်ခွင့်Where stories live. Discover now