Uni
"ဒေါင် ဒေါင် ဒေါင် ဒေါင် "
ရွာဦးကျောင်းက ၄နာရီ တုံးခေါက်သံကြားရတာမို့ ရာစု အိပ်ယာ ထဖို့ပြင်လိုက်သည်။
"အမ် !!!"
ည က အကိုနဲ့ အဝေးကြီး အိပ်ပေမယ့် အိပ်ယာနိုးတော့ အကို့ ကျောပြင်ကြီးကို ဖက်ပြီး အိပ်နေမိတော့သည်။ သူ့ကိုယ်သူလည်း ရှက်သွားပြီး ဘာလုပ်ရမှန်းမသိတော့ ပါ ။ အကို့ကိုလည်း အားနာသွားတော့သည်။ အမြဲတမ်း လိုလို အိပ်ယာ အစော ထတတ်တာမို့တော်သေး ၏။ ဒီတိုင်းသာ အကိုက အစော နိုးနေရင် သူကိုငေါက်မှာဆိုးတာပါ ။ ရာစုက မေမေနဲ့အိပ်ရင်လည်း ရင်ခွင်ထဲဝင်အိပ်နေကြမို့ အကျင့်ဖြစ်နေတော့ သည်။ အဲ့အကျင့်ကိုပြင်ဖို့ ကြိုးစားရတော့မည်။ အကို့နားက အသာလေး ထပြီးမီးဖိုခန်းထဲဝင်ကာ မျက်နှာသစ် ၊သွားတိုက်ပြီးမနက်အာရုံဆွမ်းချိုင့်အတွက် ထမင်းပေါင်းအိုးတည် လိုက်သည်။ မနေ့ညနေက ဝယ်ထားတဲ့ ငါးကို ဆားနဲ့နယ်ထားတာ ရေလေးဆေးပြီး ကြော်လိုက်သည်။ တောထဲက ကောက်လာတဲ့ မလွပွင့် ကို ရေနွေးပြုတ်ကာ မြေပဲထောင်းပြီး သုပ်လိုက်သည်။ အကို့ကြိုက် ပဲကြီး ဟင်း ရည် ကို ချက်လိုက်သည်။အိမ်ကဘုရားကို ဆွမ်း တော်တင်၊ မျက်နှာသစ်ရေ ကပ် ၊ သောက်တော်ရေ ကပ်ပြီးတော့ဘုရား ရှိခိုးကန်တော့လိုက်သည်။ ဘုန်းဘုန်းကျောင်းအတွက် အာရုံဆွမ်းချိုင့်ကို အိမ်ရှေ့က ချိတ်လေးမှာ ချိတ်ပြီး အိမ်ပေါ်တက်လာသည့်အထိ ၅နာရီသာ ထိုးသေးသည်။
"အားးးအေးလိုက်တာ "
ဆောင်းတွင်းမို့ ၅နာရီဆိုတာ မဲမှောင်နေပြီး အေးစက်နေတော့သည်။ တော ထဲအလုပ်သွားမည့် သူများကတော့ လမ်းမှာ ကျွဲတွေ ၊ နွားတွေ ကိုယ်စီဆွဲကာ သွားနေကြပြီလေ ။ တစ်ချို့ကတော့ လှည်းပေါ်မှာ မိသားစုအလိုက် တောထဲ အလုပ်သွားကြတော့သည်။ ရာစုလည်း အေးသေးတာ မို့ အိပ်ယာထဲ ပြန်ဝင်လိုက်တော့၏။မီးသွေးမီးဖို ပေါ်မှာအကို့အတွက် လ္ဘက်အချို ခြောက် နှိပ်ကာ ပြန်အိပ်လိုက်သည်။
YOU ARE READING
My Owner (Completed)
Romanceမင်းက ငါ့ဘဝကို အပိုင်သိမ်းလိုက်တာကွ #ဓနပြည့်စုံ ကျနော်ဘာမှားနေလို့လည်း အကို ထားတဲ့နေရာမှာနေမယ် အကိုကျွေးတာစားမယ် အကို လုပ်သမျှလက်ခံဖို့ အဆင်သင့်ပဲလေဗျာ #ရာစုငယ်