Part 4 (Uni+Zawgyi)

11.9K 561 14
                                    

Uni

"မေနွယ် !!!"

"လာသား​လေး "

​"မေနွယ်
အဲ့လို​တွေဆို သားအရမ်းအားနာတာဗျာ
ရွာထဲကလည်း ​ပြော​နေကြပြီ "

​ဒေါ်နွယ်နွယ်ဝင်းက ရာစုတို့ မင်္ဂလာမ​ဆောင်ခင် ရာစုတို့ အိမ်​လေးကို ပြင်ဖို့ လူလွှတ်လိုက်သည်။ အ​ကြောင်းက​တော့ သား​​တော်​မောင်ပါ။ ထရံအိမ်မှာ မ​နေနိုင်ပါဘူး ဆိုပြီး ဂျီကျ​နေတာမို့ ရာစု့အ​မေအလှနဲ့တိုင်ပင်ပြီး ပြင်ဖို့ ဆုံးဖြတ်လိုက်တာပါ ။ အဲ့လို​တွေ လုပ်ရင်ရာစု​လေးက သ​ဘောမတူဘူးဆိုတာ သိတာမို့ နှစ်​ယောက်သား ကျိတ်တိုင်ပင်လိုက်တာပါ ။ အခု​တောင် အလုပ်သမား​တွေ သူအိမ်​ရောက်​ရောက်ချင်း ဆိုင်ကယ်နဲ့ အိမ်​ရောက်ချလာတာသာကြည့်​တော့။ အိမ်ကို ​ခေါ်ရင်​တောင် သူ့အကိုကို မ​တွေ့ရဲလို့ မလာတဲ့သူက ​ပေါက်ချလာတာ ကြည့်​တော့​လေ။

"သား​လေးရဲ့ ဘာမှ မလုပ်ပါဘူး
အတွင်းက ​ဖော်မီကာ​လေး ကပ်ပြီး မျက်နှာကျက် လုပ်​ပေးရုံပဲ "

​"မေနွယ်ကလည်းဗျာ "

​တကယ်​တော့ ​ဒေါ်နွယ်နွယ်ဝင်းက အိမ်အသစ်တစ်လုံးကို ​ဆောက်​​ပေးချင်တာပါ ။ရာစု​လေး ဘယ်လိုမှလက်မခံတာသိတာမို့ အိမ်အတွင်းနံရံကိုသာ ​​ဖော်မီကာ ကပ်ပြီး ထရံ​တွေ မမြင်ရ​အောင် လုပ်မှာဖြစ်သည်။ အိမ်မျက်နှာကျက် လည်း လုပ်​ပေးပြီး အဓိက က​တော့ ရာစု​လေး အခန်းကို ရှယ်ပြင်ရမှာပါ ။ အခန်းထဲမှာ ​နေမည့် သူ့သားစိတ်ကြိုက်လုပ်​ပေးရမှာပါ ။

ရာစုကလည်းသားအမိနှစ်​ယောက်ထဲမို့ သူတို့အိမ် လိုက်မ​နေနိုင်ဘူးလို့ ငြင်းထား​၏။ ကိုယ့်သားကလည်း ​မွေးကထဲက ချမ်းချမ်းသာသာ ​နေလာရ​တော့ ဟိုလိုဆိုမ​နေဘူး ဒီလိုဆို မ​နေဘူး ဂျီကျ​နေပြန်၏။​ဒေါ်နွယ်နွယ်ဝင်းလည်း က​လေးနှစ်​ယောက်ကြား ညှိရတာ မလွယ်လှ​ပေ။

​"ဟောင့် ​ပေါက်စ မင်းအသံကြည့်ပဲ
​စော​စော စီးစီး သူများအိမ်မှာ ပူညံပူညံနဲ့"

"ကျ​​နော့ နာမည် ​ပေါက်စ မဟုတ်ဘူး
နာမည်ရှိတယ် "

ရာစု က သူ့ကို ​​ပေါက်စ ​ပေါက်စ လို့ ​ခေါ်​နေတာ သ​ဘောမ​တွေ့ပါ ။ သူ့ကျွန်လိုပဲအမြဲအထက်စီးက ​နေ ​ပေါက်စလို့ ​​ခေါ်​နေတာ မ​ပြောချင်​ပေမယ့် အရဲစွန့်ကာ ​ပြောလိုက်ရသည်။

My Owner (Completed)Tempat cerita menjadi hidup. Temukan sekarang