Part 24 (Uni+Zawgyi)

9.5K 362 14
                                    

Uni

"မသွားရဘူး ကွာ
သား​လေးက ဘယ်လိုလုပ်လဲ"

"အကို မရှိတုန်းကလည်း သား​လေးက ​မေ​မေနဲ့ထားခဲ့တာ ရတယ် "

​"တောက် !!!!
ဒုန်း ....ခလွမ်း "

ရာစု မန်း​လေး အထည်သွားဝယ်ဖို့ အကို့ကို ​ပြော​နေတာပါ ။အကိုက စိတ်ဆိုးပြီး နံရံကိုလက်သီးနဲ့ ထိုးလိုက်တာဆုပ်ပြတ်သတ်​နေ​တော့သည်။ သင်္ကြန်နီးပြီမို့ အထည်​တွေ ဝယ်မယ့်သူ​တွေက တအား​မေး​နေကြ၏။ ယိမ်းထွက်မယ့် အဖွဲ့​တွေ ကလည်းအ​သဲအသန်ဝယ်ချင်​နေကြပါပြီ။ အချိန်အခါနဲ့​ရောင်းရတာ မို့ ရာစု အထည်အရမ်း သွားဝယ်ချင်​နေပါပြီ။ ​ပြောရင်လည်းစကားများမယ်ဆိုတာ သိလို့ အကို့ကို ​ပြောဖို့ ချိန်ဆ​နေရတာပါ ။ အခု​တော့သွားဖို့ အရဲစွန့်ကာ ​ပြောလိုက်တာချက်ချင်းကိုပြသနာကဖြစ်​တော့သည်။ သား​လေးကို မိနှင်းက ခါ်သွားလို့​တော်​​သေးသည်။ ဒီတိုင်းဆို သား​​လေးက အရမ်းလန့်​နေမှာပါ ။

"အဲ့​ရောင်းတဲ့အမြတ်က ဘယ်​လောက်လဲ
ငါ​ပေးမယ် မသွားနဲ့ "

"အမြတ်​ပေးစရာ မလိုပါဘူး
အကိုက ကျ​နော်နားက ဘယ်အချိန် ​​ပျောက်သွားမှန်းမှမသိတာ
ကိုယ်ဝမ်းစာ ကိုယ်ရှာ တက်​အောင်
ဘယ်သူ့မှ အားမကိုးမိ​အောင် အထည်​ရောင်းတာပါ "

"ဘာာာ!!!!"

ဓနလည်း တခါမှ ပြန်မ​ပြောဘူးတဲ့အုဝဲက ပြန်​ပြောလာတာမို့အရမ်းအံသြမိသည်။ အရင်က အုဝဲနဲ့မတူဘဲထက်ထက်မြတ်မြတ်ရှိလာတာမို့ ဘယ်​ လောက်​တောင် ​လောကဓံက သင်​ပေးလိုက်သည် မသိပါ ။ ဓန သူ့ကိုယ်သူပဲ​ဒေါသ ထွက်​နေ​တော့ သည်။အုဝဲကိုထားခဲ့တာအရမ်း​တွေနောင်တရ​နေမိ​တော့သည်။သူ့​ကြောင့်သာအုဝဲ​လေးက အစစ အရာရာပြောင်းလဲလာခဲ့တာပါ။ အုဝဲ ဘဝ အဖြူ ထည်​လေးကို သူ​ဆေးဆိုး ပစ်လိုက်တာပါ ။

"ဟာာာကွာ ကျစ် !!!"

ဓနလည်း ​​​​ဒေါသထွက်လွန်းပြီး အုဝဲ​ရှေ့က အမြန်ခွာ လိုက်သည်။ အုဝဲလည်းငို​နေပြီ​လေ။ သူလည်း ​​ဒေါသ​ကြောင့် ​ချော့ချင်စိတ်မရှိတာမို့ သူ့အိမ်ကို ဆိုင်ကယ်ဖြင့်ထွက်လာခဲ့၏။

My Owner (Completed)Donde viven las historias. Descúbrelo ahora