Part 37 (Uni+Zawgyi)

6K 203 12
                                    

Uni

"အကို့ !!!ထ​တော့​လေ
​အောက်မှာ ဧည့်သည်​တွေလည်းရှိတာကို "

"အွန်းပါ
အာဝါး​ပေး "

"ပြွတ်စ် !!!ထ​တော့ ကွာ
အိမ်ရှင်ဖြစ်ပြီး "

ရာစု တို့ ရန်ကုန်က ပြန်လာ​တော့ ကိုစိုးမိုးနဲ့ အကိုမင်းသူတို့ပါ ရွာအလည်လိုက်လာကြ၏။အကိုက ကား​မောင်း လာတာမို့ ညကအိပ်​ကောင်းပြီး မနက် ကိုမနည်းနိုး​နေရသည်။ ရာစု က​တော့ ဆွမ်းထချက်ပြီး မနက်စာ အဆင့်ဖြစ်​နေပါပြီ။ မေနွယ်က ရာစု့ကျန်းမာ​ရေး ​ကြောင့် သူ့တူမဝမ်းကွဲ တစ်​ယောက်ကိုအိမ်သန့်ရှင်း​ရေး၊အဝတ် လျှော်နဲ့သား​လေးကိုကူထိမ်းဖို့လွှတ်ထား၏။ ထမင်းဟင်းက​တော့ သူကိုယ်တိုင် သားနဲ့အကို့အတွက် ချက်​ပေးချင်တာပါ ။ အခုလည်း ဧည့်သည်​တွေ​​ကောမို့ မနက်စာ ထမင်းဆီဆမ်း၊ ငါး​ခြောက်ဖုတ်၊အ​ကြော်စုံနဲ့ ဝက်အူချောင်းရယ် ၊ လ္ဘက်အစုံသုပ်ရယ် ဖွယ်ဖွယ်ရာ ရာ လုပ်ထားလိုက်သည်။ နှပ် ​ကော်ဖီ ​ဖျော်ပြီး လည်း နှပ်ထားလိုက်ပါ​သေးသည်။

​​"အင့် ​ဖေ​ဖေ့"

"အာာသား​လေး နိုးပြီ
အားဘွား "

"အုဝဲ ​ပေး သားကို အကို လုပ်​ပေးလိုက်မယ် "

ဓနက အုဝဲ​လေးအတွက် အတတ်နိုင်ဆုံးကူ​ဖော်​လောင်ဖက်ဖြစ်​အောင်ကြိုးစား​နေ၏။သူနဲ့သား ​ရေချိုးခန်းမှာ ​ရေချိုးပြီး အဝတ်အစားလဲကာ ​အောက်ထပ်ဆင်းလာလိုက်၏။

📞Hello  ​မေနွယ်
သားတို့ ညတုန်းက​ရောက်တာ
​မေနွယ်ဆီလာခဲ့မယ်

​​📞အေးသား​လေး ဧည့်သည်​တွေကို ​နေ့လည်စာ အ​မေ​ကျွေးမှာ​နော်
သားတို့ပါ လိုက်ခဲ့

📞ဟုတ်​မေနွယ်

အဲ့ဒါက​တော့ရိုး​ပေါက်ရွာဓ​လေ့ပါ ။ မြို့ကလာတဲ့ ဧည့်သည်ဆို ထမင်းစားဖိတ်​ကျွေးတတ်တာပါ။ အခုဆို အကိုစိုးမိုးတို့ကို ​နေ့လည်စာက ​မေနွယ် ညစာက ​မေ​​မေ တို့က ​ကျွေးဖို့ ဖိတ်သွား​တော့ သည်။

"ဦးဦး
တားတို့ရွာ​မှာကျော်လား "

​"ပျော်တာ​ပေါ့ သားရယ်
ဦးစိုးကို ရွာထဲနှံ့​အောင် လိုက်ပို့အုန်း​​နော်"

My Owner (Completed)Where stories live. Discover now