Part 2(Uni+Zawgyi)

12.4K 619 22
                                    

Uni

"ကြီးလှ ရာစု ​​လေးရှိလား "

"ရှိတယ် ဆရာ​လေး "

"သား​လေး​ရေ
ဆရာ ​လေးသန့်စင် အိမ်လည်လာတယ် "

"လာပြီ ​မေ​မေ "

ရေချိုးပြီး အခန်းထဲမှာအဝတ်လဲ​နေရာက​နေ လှမ်း​အော်လိုက်သည်။ ဆရာ​လေးဆိုသူက အခြား​သူတော့မဟုတ် ရာစု တို့ ရွာအထက်​ကျောင်းက မူလတန်းပြ ဆရာ​လေး ဖြစ်၏။ ရာစုနဲ့အသက် ၅ နှစ်​လောက်သာ ကွာသည်။ ​ပြောရမည်ဆိုရင် ဒီရွာသားတစ်​ယောက်ပါပဲ ။ ရာစု ကို ချစ်​ရေးဆိုထားတာ ၁နှစ်​ကျော်​နေပါပြီ။ ရာစုက​တော့ အသက်၁၈ နှစ်ဆို​ပေမယ့်အချစ်ကို ဘာမှန်းမသိသလို ​ဘယ်သူမှလည်း မချစ်တတ်ပါ ။ သူက ​ဂေးဆိုတာ​တော့ ​မေ​မေ့ကို ဖွင့်​ပြောပြီးသားပါ ။ မိန်းက​လေး​တွေကို မကြိုက်​ပေမယ့် ဘယ်​ယောကျာ်းကိုမှလည်းရင်မခုန်ဘူးပါဘူး ။ တကယ်တန်း ​ရွေးရမယ်ဆိုရင်​တော့ ဆရာ​လေးက ငြင်းစရာ မလိုတဲ့ လူတစ်​ယောက်ပါ ။

"လာပါ အကို သန့်စင်
အလည်လာတာလား "

"မဟုတ်ဘူး ရာစု​လေး အကို့တွက် ပုဆိုး​လေး ချုပ်​ပေးပါအုန်း "

သန့်စင်ကလည်း ရာစု ဆီ လာချင်တာမို့ အ​ကြောင်းပြကာ လာ​ရောက်ရခြင်း ဖြစ် သည်။ သူ့အ​မေ ရှိ​နေတာမို့ အိမ်​ရှေ့ စားပွဲခုံ ​ပေါ်တွင် ​ရေ​နွေးကြမ်း​သောက်ရင်း​စောင့်​​နေလိုက်​တော့သည်။

"ဆရာ​လေး လ္ဘက်သုတ်လည်းစား​နော်
ကြီးကြီး အ​မေတို့ အိမ်ဘက်သွားလိုက်အုန်းမယ် "

"ဟုတ်ကဲ့ပါဗျ"

ရာစု​လေး အ​မေ အိမ်ပြင်​ရောက်တာ နဲ့ သန့်စင် လည်းရာစု စက်ချုပ်တဲ့ ဝရံတာနား ​ရောက်လာ​တော့သည်။ သူ့အတွက်အခွင့်အ​ရေးပဲ​လေ လက်လွှတ်ခံလို့ ဖြစ်ပါ့မလား ။

"ရာစု ​လေး ​ဖြေး​ဖြေးချုပ်ပါ အကို အကြာကြီး ​စောင့်ပါ့မယ်
ဒီ​နေ့ ​ကျောင်းပိတ်တယ်​လေ "

အကို သန့်စင် ဘာဖြစ်ချင်​နေတာ သိတာမို့ရာစု အမြန်သာ ပုဆိုးချုပ်​ပေးလိုက်​တော့သည်။ ကိုယ့်ကို ချစ်​ရေးဆိုထားတဲ့ သူတစ်​ယောက်နဲ့အကြာကြီး စကား​ပြောဖို့ ရာစု အတွက်အဆင်​ပြေမ​နေပါ ။

My Owner (Completed)Donde viven las historias. Descúbrelo ahora