Part 16(Uni+Zawgyi)

8.9K 389 27
                                    

Uni

"အုဝဲ​ရေ သွားမယ်"

"ဟုတ်အကိုလာပြီ
သား​လေးကို အစာ​ကျွေး​နေလို့ပါ "

ရာစုက ဓန ရဲ့ခြံထဲကိုတစ်​နေကုန်လိုက်သွားမှာမို့ သားဖြူ​လေးကို အစာ​ကျွေး​နေလိုက်သည်။ အ​လှူအတွက်ပေါက်​ပေါက်ဆုပ်နဲ့မုန့်ဆီ​ကြော် ​ကြော်ဖို့ ​တောထဲသွားကြတာဖြစ်သည်။ အလှူ ပါတဲ့ အိမ်​တွေကလည်း မုန့်​ကြော်ဖို့ အသီးသီး ​တောထဲက သူတို့​​တွေ တဲဆီသွားကြ၏။ ​တစ်ရွာလုံး အလှူမို့ အိမ်​တိုင်း​စေ့ မုန့်​ကြော်ကြရင် သက်ကြီးရွယ်အိုနဲ့က​လေး​တွေ အ​​​​ညော်မိမှာစိုးရိမ်တာမို့ပါ ။ ဒါ့အပြင် မီး​ဘေး အန္တရာယ်​ကြောက်တာ​ကြောင့်လည်း ပါ၏။

"အကို့!!မုန့်​ကြော်မယ့် ပစ္စည်း​တွေ​ကော "

"ခြံထဲက ​​မောင်​ကျော်တို့အဖွဲ့​တွေ လာသယ်သွားပြီ
အခု​လောက်ဆို မုန့်​တောင်​​ကြော်​နေ​လောက်ပြီ"

အကို့ဆိုင်ကယ်​နောက်က အကို့ခါးကိုဖက်ပြီးလိုက်လာလိုက်သည်။၊အကိုနဲ့ သူ့အတွက် ထမင်းချိုင့်ခြင်း​လေးကလည်းအကို့ ​ရှေ့မှာပါ ။ ရာစု လွတ်လွတ်လပ်လပ်အကို့ကျောပြင်မှာတောက် တဲ့ကပ်သလို လိုက်လာခဲ့သည်။

"အကို​လေး လာပါဗျ(​မောင်​ကျော်)"

​"အေး ဘယ်သူ​ခေါင်း​ဆောင်လည်း ကွ(ဓန)"

"ကျ​နော့အမျိုးသမီး မမျိုး​ခေါင်း​ဆောင်ပါ (​မောင်​ကျော်)"

"ဝါးးး မမျိုးက တကယ်လုပ်တတ်တာပဲ
ကျ​နော့လည်းသင်​ပေးအုန်း (ရာစု)"

"အုဝဲ မီးဖိုနားသိပ်မကပ်နဲ့ အပူ​လှောင်မယ် (ဓန)"

"ဟုတ် (ရာစု)"

ဓန စိတ်ပူစွာ ​​ပြောလိုက်ရသည်။ ​ရောက်ထဲက မုန့်လုပ်ဖို့ ပြင်​နေတဲ့ ​မောင်​ကျော်မိန်းမ မမျိုးနား ကပ်​နေ​တော့သည်။ မမျိုးကလည်း သူတို့မ​ရောက်ခင်ကတည်းက ထန်းညှက်ရည်​တွေကို အ​ရည်​ကြိုပြီးအ​အေးခံထားသည်။မမျိုးအလုပ်လုပ်တာကလည်းစနစ်တကျနဲ့ သန့်သန့်ရှင်းရှင်းရှိလှသည်။ ဒါကိုအုဝဲက မုန့်လုပ်နည်း သင်ချင်​နေ​သေးသည်။ တကယ့်ကိုမှ မနိုင်စိန်ပါ ။ ကိုယ့်မှာ သူ့ကို အပူ​​လှောင်မှာဆိုးတာမို့အရိပ်လို ကြည့်​နေရသည်။ မကြည့်လို့လည်း မရ ထင်းမီးဖို​တွေ၊ ဒယ်ကြီး​တွေ မို့ပါ ။

My Owner (Completed)Onde histórias criam vida. Descubra agora