Uni
"သားလေး!!!"
"မေမေ လာလေ
စု ရှိတယ် "မေမေက ရာစု အိမ်ကို လာလည်တာမို့ ရာစု အပြေးထွက်ကြိုလိုက်သည်။ မေမေက သူမင်္ဂလာဆောင်ပြီးထဲက ဖွားဖွားအိမ်ရောက်သွားလိုက်တာ အိမ်တောင်လာလည်မအားပါ ။ မအားဆို ဖွားဖွားနားမှာ နေ့နေ့ ညည အဖော်ပြုပေးနေရသည်။ ဖွားဖွားက အသက်ကြီးပြီမို့ မေမေက မျက်စေ့အောက်က အပျောက်မခံနိုင်အောင်ဖြစ်နေတော့သည်။
"သားကို မေမေ အကူအညီတောင်းစရာရှိလို့ "
"ပြောပါမေမေရဲ့ သားအမိတွေပဲ "
"မေမေနဲ့ သားလေးလေး တစ်ညအိပ်ခရီးသွားချင်လို့ ဖွားဖွားကို စောင့်ပေးပါလား "
"အော် မေမေ ရယ် ရတယ်လေ
စု သေချာ စောင့်ပေးမယ် "မေမေနဲ့ လေးလေးက အမျိုးတွေ ရှိတဲ့အညာကို အလှူ သွားရင်း ဘုရားသွားဖူးမယ်တဲ့ ။ သူတို့ ညီအမ နှစ်ယောက်လည်း နွေကျောင်းပိတ်ရက်လေးသွားရအောင် ရာစု က နှစ်ည အိပ်အေးအေးဆေးဆေး လည်ခဲ့ဖို့ ပြောလိုက်၏။ မေမေလည်း အိမ်တွင်းပုန်းနေရတာ ကြာပြီမို့ ရာစု စိတ်အေးလက်အေး လည်ခဲ့ဖို့ မှာရသည်။ ချောမော လှပတဲ့ မေမေက သူ့ကြောင့် ငယ်ရွယ်တဲ့ ဘဝတွေ ဘယ်မှ မသွားရမလာရမို့ မေမေ့ကို စိတ်ချမ်းသာစေချင်တာပါ ။
"သားလေး မေမေ ပြန်မယ်နော် "
"ဟုတ်မေမေ ပျော်ပျော်ကြီးလည်ခဲ့ "
မေမေ ပြန်သွားပြီးတော့ ရာစု ညစာ ချက်လိုက်သည်။ အကို ပြန်လာခါနီးတာမို့ ဟင်းချက်ဖို့ပါပြင်လိုက်သည်။ အိမ်ခေါင်းရင်းက ဗူးစင်ကနေ ဗူးညွှန့်ခူးပြီး ကြော်ဖို့ လုပ်လိုက်သည်။မြို့က စျေးကားက ဝယ်ထားတဲ့ ငါးဖယ်ကို ခရမ်းချဥ်သီးနဲ့ဆီပြန်ချက်လိုက်သည်။ ငရုတ် သီး ဆားထောင်းလေးပါ ထောင်းလိုက်၏။
"သားဖြူလေးရေ
စားလေကွာ
ခဏနေ ဖေကြီး လာရင် ဖေဖေ မအားတော့ဘူး ""ဟိတ် !!!ဘာတွေ ပြောနေတာလဲ
အကို့အတင်းတုတ်နေတာပေါ့ "
YOU ARE READING
My Owner (Completed)
Romanceမင်းက ငါ့ဘဝကို အပိုင်သိမ်းလိုက်တာကွ #ဓနပြည့်စုံ ကျနော်ဘာမှားနေလို့လည်း အကို ထားတဲ့နေရာမှာနေမယ် အကိုကျွေးတာစားမယ် အကို လုပ်သမျှလက်ခံဖို့ အဆင်သင့်ပဲလေဗျာ #ရာစုငယ်