Uni
"သားလေး!!! ဖြေးဖြေး (မေမေ)"
"ဟုတ်မေမေ "
"သားရာစုလေး ဓါတ်လှေကားကော စီးနိုင်လို့လား (မေနွယ်)"
"စီးနိုင်ပါတယ် မေနွယ်ရဲ့"
"အုဝဲ အကို့ကို ကိုင်ထား (ဓန)"
ရာစု လေးက ဒီနေ့ ဒုတိယမြောက် သားလေးကို မွေးပြီး ဆေးရုံက ဆင်းလာတာပါ ။ အိမ်မှာ ဘယ်သူမှမကျန်အောင် ဆေးရုံအားလုံးပါလာကြ၏။ လေးစိန်နဲ့ မိဖြူလည်း ခေါ်သွားကာ တစ်မိသားစု လုံး ဆေးရုံသွားပြီး ကလေး မွေးကြတာပါ ။ သားလေးကတော့ ထိပ်ဆုံးက ပါ ။ အခု သူက အကိုကြီး ဖြစ်ပြီဆိုပြီး စတိုလ် အပြည့်နဲ့ပါ ။ အကို့ကား တစ်စီး ၊ အကို စိုးမိုးတို့ကား တစ်စီး ကားနှစ်စီးနဲ့ လူအပြည့်ပါ ။ ကွန်ဒိုအခန်းတောင် လူများနေလို့ ဖေအေးနဲ့ မေနွယ်က မျက် နှာချင်း ဆိုင်အခန်းက အကိုစိုးမိုးတို့ဆီမှာ သွားအိပ်ကြ၏။
"အုဝဲ !!သက်တော့သက်သာ လဲနေမလား "
"ရတယ် အကို ဆေးရုံမှာလည်း လဲနေရတာမို့ မလဲ ချင်တော့ဘူး
သားငယ်လေးကိုပေး ""မိဖြူ နို့ဘူးပေးပါအုန်း "
"ဟုတ်အကိုလေး ရပြီ"
"ဖေဖေ့!!သား ညီလေးကို ချီချင်တယ် "
"အမလေး မဟုတ်ပါနဲ့ သားရယ် "
"နေပါအုန်း ငါ့မြေးရယ် ဖိုးဖိုးအေးတောင် မချီရဲသေးဘူး "
နောက်ဆုံးတော့ ရာစု လုပ်နိုင်ခဲ့ပါပြီ ။ အသက် ၂၄ နှစ် ထဲမှာကလေးနှစ်ယောက်အောင်အောင် မြင်မြင် မွေးထုတ်လိုက်ပါပြီ။ မိသားစုအားလုံးက ပျာပျာ သလဲ သားငယ်လေးကို ကြိုဆို ကြတာကြောင့်လည်း ပျော်ရွှင်ရပါသည်။သားတို့ ဖေကြီးဆို ညဘက် မအိပ်ရတာ ၁၀ ရက်လောက်ရှိပါပြီ။ သူက ခွဲထားတာရယ် သားအိမ်ထုတ်လိုက်တာရယ်ကြောင့် မလှုပ်နိုင်လို့ အကိုကပဲ သားငယ်လေးကို နို့ဗူးတိုက် diaper လဲတဲ့အလုပ် ညတိုင်း လုပ်ရနေရပါသည်။
"အကို့ အိပ်ချင်အိပ်တော့လေ
ညကလည်း မအိပ်ရဘူး မို့လား(ရာစု)"
![](https://img.wattpad.com/cover/329089265-288-k949637.jpg)
STAI LEGGENDO
My Owner (Completed)
Storie d'amoreမင်းက ငါ့ဘဝကို အပိုင်သိမ်းလိုက်တာကွ #ဓနပြည့်စုံ ကျနော်ဘာမှားနေလို့လည်း အကို ထားတဲ့နေရာမှာနေမယ် အကိုကျွေးတာစားမယ် အကို လုပ်သမျှလက်ခံဖို့ အဆင်သင့်ပဲလေဗျာ #ရာစုငယ်