Part 40 (Uni+Zawgyi)

7.8K 221 20
                                    

Uni

"သား​လေးရယ် ​မေ​မေ ဝမ်းသာလိုက်တာ(​မေ​မေ) "

"ဟုတ်ပ ​မေနွယ်ဆို ​ပြောမပြတတ်​အောင်ပါကွယ် (​မေနွယ်)"

"ဖိုး​ဖိုး!!! တားက ညီ​လေး ရ​တော့မှာ (သားတုန်)"

"ညီမ​​လေးဆိုရင်​ကော ဘယ်လို လုပ်မလဲ (အ​ဖေ​အေး)"

"ဘာ​လေး ပဲဖြစ်ဖြစ် ပါကို​အေး ရယ်
ကျမ က​တော့ ​ပျော်လွန်းလို့ ငို​တောင် ငိုချင်တယ် (​မေနွယ်)"

ရာစု တို့အိမ်မှာ နှစ်ဖက်မိဘ ​တွေ အပြည့် အိမ်​ရောက်​​နေကြ၏။ သူကိုယ်ဝန်ရှိတာကို အ​ပျော်လွန်​နေကြတာပါ။ မိသားစု ​တွေက သဲသဲလှုပ်​နေတာမို့ သူ့​တောင်မ​နေတတ်ပါ ။ အသဲဆုံးက​တော့ဗိုက်ပိုင်ရှင် အကိုပါပဲ ။ အကို ​ကကော်နဲ့ကပ်ထားသလိုကိုသူ့ကိုကပ်​​နေ​တော့ သည်။ သားကလည်း ညီ​လေး ကို ချစ်တယ်ဆိုတာ ပါးစပ်က မချပါ ။ ဘာ​လေး​မွေးမယ်မှန်းမသိ​သေးဘဲ သူလိုချင်တာ ပဲ​​ပြောပြီး ဗိုက်ကိုလာလာနမ်း​နေတာ ချစ်စရာအတိ။

"အုဝဲ​လေး ​ဖြေး​ဖြေး ထပါကွာ အကိုယူ​ပေးမယ် ဘာလို ချင်တာလဲ"

​"ရေ​သောက်မလို့ပါ "

"ထိုင်​နေ အကိုယူခဲ့မယ် "

"ငါ့သားက​တော့ အ​ဖေထက်ပိုတယ်ကွာ (​ဖေ​အေး)"

"အမ​လေး အုဝဲသာ တစ်ခုခု ဖြစ်ရင် ကျ​နော် ရင်ကျိုးမှာ
အ​မေ့!!!သား ဘာအလုပ်မှမလုပ်ဘူး​နော် အုဝဲက​လေး မ​မွေးမပြီးခြင်း (ဓန)"

​"အေးပါ သား​လေးရယ်
အ​မေတို့မျိုးဆက်​တွေကို ​​မွေး​ပေးလို့ ရာစု​လေး​ကော သား​ကော အရမ်း​ကျေးဇူးတင်တယ် (​မေနွယ်)"

ဓနက​တော့ပြတ်ပြတ်သားသားအားလုံးကိုပြော ထားလိုက်ပါသည်။ သူဘာမှမလုပ်ပါ အုဝဲ​လေး အနားမှာပဲအနီးကပ်​နေဖို့ ဆုံးဖြတ်ပြီးသားပါ ။  အုဝဲက အရင် ကိုယ်ဝန်​ဆောင်တုန်းက သူဂရုမစိုက်လိုက်ရတာမို့ အခု ကိုယ်ဝန်ကို​တော့ သူက ​သေ​သေချာချာ ကို ဂရုစိုက်​ပေးဖို့ ဆုံးဖြတ်ထားလိုက်၏။ 

​​"နောက်တပတ်လပြည့်​နေ့ ကင်ပွန်းတပ်ပွဲလုပ်မယ်​​ သားရာစု​လေး (​မေနွယ်)"

My Owner (Completed)Donde viven las historias. Descúbrelo ahora