Part 41 (Uni+Zawgyi)

6.6K 206 12
                                    

Uni

"မေလှ!!! နိုး​နေပြီလား "

​"အေး သား​လေးဖိုးပြည့်
သား​လေး​ကော မထ​​သေးဘူးလား "

"အိပ်ပါ​စေ သူလည်း နားပါ​စေ "

အ​မေလှက သားမက်ရဲ့ စကားကို ပြုံးပြီး နား​ထောင်​နေလိုက်သည် ။ ဘယ်​လောက်​တောင် သူ့သားအ​ပေါ် ချစ်လိုက်လည်း ဆိုရင် ပါးစပ်ထဲငုံမထားမရုံပါ ။ သား​လေး ရစ်သမျှ ၊ဆိုးသမျှ အား လုံး လုပ်​ပေးတဲ့အပြင် သား​လေး ကိုလည်း ချစ်လိုက်တာဆိုတာ ​ပြောမပြတတ်ပါ ။ ​မြေး​လေးကိုလည်း အစစအရာရာ လုပ်​ပေးတတ်၏။

"သား​လေး!!! ထ​တော့​လေကွာ
​ကျောင်းသွားရမယ်မို့လား ​ကျောင်းသားကြီး "

"ဟင့် ....ဟုတ်
ခဏ​လေး ချိုလုံး ကိုင်ချင်လို့ "

ရာစုကသား​လေးကိုချိုလုံးလှန်​ပေးလိုက်သည်။ ကိုယ်ဝန် က ၂၄ပတ်​​ကျော်​​နေပြီမို့ ချိုလုံး​တွေကလည်း ​တောင့်တင်း​နေ​တော့သည်။ တခါတခါ နာ​ပေမယ့် သားတုန်​လေးဆို့​ပေးကိုင်​ပေး​တော့သက်သာ ရာရ၏။အကိုက​တော့ သူ့ကို သနားလို့ ​နေမှာ ည အိပ်ရင်​တော့ သူ့ကို နမ်းတာက လွဲရင်ဘာမှမလုပ်တာမို့ တခါတခါ စိတ်မ​​ကောင်းဖြစ်ရ၏။

"အာ အသဲနှစ်တုံး နိုး​နေပြီ "

"ဘယ်သွားတာလဲ မနက်မိုးလင်း ရင် ​ယောကျာ်း မျက်နှာ အရင်မြင်ချင်တာ​နော် "

"ပြွတ်စ် ချစ်တာ မိန်းမ
ပြွတ် စ် သား​လေး ချစ် "

ဓနကသူတို့မိသားစုစားဖို့ မနက်စာ သွားဝယ်တာပါ ။ ရန်ကုန်ကို ​ရောက်​တော့ ရွာ လို မဟုတ်တာ​ကြောင့် မနက်စာ အုဝဲတို့ကို ဖွယ်ဖွယ် ရာရာ ​လေး စားရ​အောင်လို့ အမြဲတမ်း ဝယ်​ကျွေးဖြစ်၏။ ဒါကို ရစ်​နေတာက​တော့ အုဝဲပါ ။အခုဆို အုဝဲကသူ့နားမှာမရှိရင်ဓနကို အရမ်း စိတ်ဆိုးတတ်ပါသည်။ စကားများတဲ့အဆင့်ထိကို စိတ် ဆိုး၏။  ရန်ကုန်​​ရောက် ​တော့ သား​​လေး လည်း ၃နှစ်​ကျော်ပြီမို့ မူကြို ပို့ရ၏။  သား​လေးအိမ်မှာ ရှိ​​နေရင် အုဝဲက သားဝေယျာ ဝတ္တစတွေ လုပ်လွန်းတာမို့ စိုးမိုးတို့ နဲ့တိုင်ပင်ပြီး အ​ကောင်းဆုံး အဆင်မြင့် မူကြို ကို ပို့ထားလိုက်သည်။ ရန်ကုန်မှာလည်း ၁နှစ်​​ကျော် ​လောက်ကြာမှာမို့ ပါ။

My Owner (Completed)Место, где живут истории. Откройте их для себя