Part 28 (Uni+Zawgyi)

7.8K 261 18
                                    

Uni

ရန်ကုန်မှာ ၂ပတ်​လောက်​နေပြီး အုဝဲတို့မိသားစု ရွာ ပြန်လာခဲ့၏။ ​ဆောက်​နေတဲ့တိုက်​လေးက လည်း ရုပ်လုံး​ပေါ်လာပါပြီ။ အလုပ်သမား​တွေကမိုးမကျမှီ ​နေ့မနား ညမနား ​ဆောက်​နေတာမို့ ​​နောက်လ​လောက်ဆိုရင် အားလုံး ပြီးစီး​တော့မှာပါ ။ ရွာလယ်လမ်း​​ဘေး မှာ အရမ်းလှပတဲ့ တိုက်​လေး ဖြစ်လာ​တော့မှာပါ ။ ရွာထဲက လူ​တွေကလည်း အကိုဓန ကိုယူလို့ရာစု ​လေး ကံ​ကောင်း​လိုက်တာ ဆိုပြီး ​ပြောဆို ​နေကြ​တော့သည်။ တကယ်လည်း အကိုက သူ့အတွက် ဘုရား​ပေးတဲ့ဆုပါ ။ ဘာမှန်းညာမှန်းမသိဘဲ အကိုနဲ့အိမ်​ထောင်ပြုလိုက်တာ ချစ်စရာ ​ကောင်းတဲ့ သား​လေးတစ်​ယောက်​မွေးပြီးသူ့ဘဝကြီးက အဓိပ္ပါယ်ရှိလာခဲ့ပါသည်။

"စု​လေး !!!
စု​​လေး !!!"

"ဟင် !!!
ဘာလဲ မိနှင်း "

"ဟိုဘက်ရွာမှာ ပွဲရှိတယ်
နာမည်ကြီး ဇာတ်​​လေ
၃ည ကမှာတဲ့ "

"ကြည့်ချင်လိုက်တာ မိနှင်းရယ် "

"ငါက သွားကြည့်မှာ
အဲ့ဒါ​ကြောင့်ငါ့လို အပျိုကြီး​နေလို့​ပြောသားပဲ
နင်က သားနဲ့ ​ယောကျာ်းနဲ့ဆို​တော့
ဟီးဟီး"

ရာစု တကယ် ပွဲကြည့်ချင်​​ပေမယ့် သားနဲ့ ​ယောကျာ်း ရှိတာမို့ သွားကြည့်ဖို့ အဆင်မ​ပြေပါ ။ အကိုကလည်း ဒီ​နေ့ ခြံထဲကအ​ကောင်​တွေ ထုတ်​ရောင်းမှာမို့ အလုပ်များ​နေ၏။ ပွဲကြည့်ချင်တယ်လို့​တောင် အကို့ကို မ​ပြောရဲပါ ။ အကိုလည်း ပင်ပန်းတယ်​မို့ပါ။ဒီတခါ အ​ကောင်​တွေ ထုတ်ပြီးရင် ​နောက်ထပ် ခြံထပ်ချဲ့ပြီးမှ အ​​ကောင်သစ်​တွေ အများကြီး ​မွေးမှာလို့ အကိုက ​ပြော၏။ စီးပွား​ရေး အရမ်းလုပ်တတ်တဲ့အကို့ကို ရထားတာအရမ်း ကံ​ကောင်းပါသည်။​ငွေရှာ အရမ်း​ကောင်းတာမို့ အခုမှ ရွာထဲက မိန်းက​လေး​တွေက​တောင် အကို့ကို ပြစ်မှား ချင်​နေကြ၏။ အကို က​တော့ သူ့အလုပ်သူလုပ်​နေလို့ ဘာမှ​တောင် ​ခေါင်းထဲမထည့်ပါ ။

"ကြည့်ချင် သွားကြည့်​လေ ​မောင်​လေး
သား​လေးကို မမထိမ်း​ပေးမယ် "

"ရပါတယ်မမ
အကို့ကို မ​ပြောရဲလို့ "

မမကလည်း သူ့​မောင်ကို​တော့ မ​ပြောရဲဘူးဆိုတဲ့မျက်နှာ​ပေးနဲ့ ​ပြောသွား၏။ ရာစု လည်း ပွဲကြည့်ချင်တာကို စိတ်ထဲမှာ ထားလိုက်ပြီး ​​မေ​မေတို့အိမ်သွားလိုက်သည်။ သားက မနက်ထဲက ​​မေ​မေ့ဆီ​ရောက်​နေတာမို့ လိုက်​ခေါ်ရတဲ့အထိပါ။ ​သူ့အဖွား​လေးကလည်း ​ကျောင်းပိတ်တာမို့သားကို ​မေ​မေတို့အိမ် အမြဲပို့​ပေးဖြစ်၏။

My Owner (Completed)Donde viven las historias. Descúbrelo ahora