Uni
"ညီလေး ရာစု !!!
ဘယ်လဲ ""ဘုန်းကြီးကျောင်းအကိုသန့်စင် "
ရာစု ဒီရက်ပိုင်းလုံးဝမအားရအောင် သူမင်္ဂလာဆောင်အတွက်အဝတ်အစားတွေ ချုပ်နေရသည်။ ဒီနေ့ မေနွယ်နဲ့ မေမေ က ဘုန်းကြီးကျောင်း မင်္ဂလာရက်သွားရွေးကြ၏။ မေမေက ရာစုကို ဖုန်းဆက် ခေါ်တာကြောင့် ဘုန်းကြီး ကျောင်းကို ခြေကျင် အမြန်လာလိုက်ရ၏။ ဆိုင်ကယ်က မေနွယ်အိမ်မှာ ရောက်နေတာ အကို့ကိုကြောက်လို့ အခုထိမယူရသေးပါဘူး ။ ခြေတောက် သံစူးထဲက အိမ်မှာပဲ နေပြီး အဝတ်အ စားတွေ ချုပ်နေတာပါ ။ အိမ်ကလည်း ပြင်လို့ အားလုံးပြီးစီးသွားပြီလေ ။ ရာစု အခန်းဆို မေနွယ်က အကျယ်ကြီးချဲ့ပေးလိုက်ပြီးထရံတွေ ဖြိုချကာ အုတ်နဲ့ သေချာလေး အသစ်ပြန်လုပ်ပေးထား၏။ သူသား နေလို့အဆင်ပြေအောင် ခြင်လုံ ခန်းပါ လုပ်ပေးထားပြီး aircon တောင် တပ်ပေးထားသည်။ ရာစုက အဲ့အခန်းကို သန့်ရှင်းရေးလေးဝင်လုပ်ပေမယ့် အသစ်ကြီးဖြစ်နေတာကတစ်ကြောင်း ၊ မင်္ဂလာ အခန်း လုပ်မှာ ပြော ထားတာကတစ်ကြောင်းပိတ်ထားပြီး မေမေနဲ့သာ အိမ်ရှေ့ထွက်အိပ်ပါသည်။ မေမေကလည်း ရာစု မင်္ဂလာဆောင်ပြီးရင် ဖွားဖွားတို့အိမ်မှာ ပဲပြောင်းနေတော့မှာဆိုတော့ အမေ နဲ့ နေရတုန်းလေး ညဆို မေမေကို ဖက်အိပ်ပါသည်။
"အမ် !!!"
ရာစု အကြီးအကျယ် ကြောက်လန့်သွားတော့၏။ ဘုန်းကြီးထဲမှာ အကိုသန့်စင် ဆိုင်ကယ်ပေါ်က ဆင်းဆင်းခြင်း အကို ဓနနဲ့ထိပ်တိုက်ဆုံနေတော့ သည်။ ရာစုလည်းခြေကျင်လာဖို့ အဆင်မပြေတာမို့အကိုသန့်စင်နောက်က လိုက်လာရပေမယ့် စိတ်ထဲတွင် မတင်မကျဖြစ်နေတော့သည်။ အခုတော့ အကို ဓန မျက်နှာကို ကြည့်ကာမှားသွားမှန်းသိလိုက်ပါပြီ။
"ကျေးဇူးပါ အကိုသန့်စင် "
"အေး ရာစုလေး"
ရာစု တစ်ယောက်အကိုသန့်စင်ကို နှုတ်ဆက်ပြီး ဘုန်းကျောင်းပေါ်တက်သွားတော့ အကို ဓနက စားတော့ဝါးတော့မယ့်မျက်နှာပေးနဲ့ သူ့ကိုကြည့်နေတော့သည်။ ရာစု လည်း ကိုယ်လိပ်ပြာ ကိုယ်လုံတာမို့ ပြီးမှပဲ အကို့ကိုရှင်းပြတော့မည်ဆိုပြီး မေမေတို့နောက်နားတွင် ကပ်ထိုင်လိုက်ပါသည်။
VOCÊ ESTÁ LENDO
My Owner (Completed)
Romanceမင်းက ငါ့ဘဝကို အပိုင်သိမ်းလိုက်တာကွ #ဓနပြည့်စုံ ကျနော်ဘာမှားနေလို့လည်း အကို ထားတဲ့နေရာမှာနေမယ် အကိုကျွေးတာစားမယ် အကို လုပ်သမျှလက်ခံဖို့ အဆင်သင့်ပဲလေဗျာ #ရာစုငယ်