Part 39 (Uni+Zawgyi)

6.4K 231 16
                                    

Uni

"ကျမ အားလုံးကို ​တောင်းပန်ပါတယ်ရှင်
ကျမ သမီး​ကြောင့် အားလုံး အလုပ်များရပြီ(​မေမီလင်းအ​မေ)"

ဒီ​နေ့ အုပ်ကြီးရုံး မှာ ရာစု တို့ မိသားစု ၂စု နဲ့ ​မေမီလင်းတို့ သားအမိ ရုံး ချိန်းတဲ့ ​နေ့ဖြစ်ပါသည်။  မေမီလင်း အ​ကြောင်း​တွေ ​ပေါ်လာပြီမို့ သူ့အ​မေက အားလုံးကို ​တောင်းပန်​​နေ​ရတော့သည်။ သား သမီးမ​ကောင်း မိဘ ​ခေါင်း ဆိုတာမျိုး​ပေါ့ ။ ရာစု က ​တော့ သား​လေးကို မိနှင်းနဲ့ ထားပြီး ရုံးကို လာလိုက်တာ ​​မေ​မေပါ ​ရောက်​နေတာမို့ အံသြသွားရသည်။ အကိုက​တော့ ​မေနွယ်​ကော၊ ​ဖေ​အေး ၊​ကော ၊မမ​ကော မိသားစု အားလုံး အင်အား ပြလာကြ၏။

"အမကြီးကို အားနာလို့ပါ ကျမ က ဒီက​လေးမကို မ​ကျေနပ်ပါ ဘူး
အခု ကျမ သား​လေး မိသားစု ပြိုကွဲ​နေတာ သူ့​ကြောင့်​လေ (​မေနွယ်)"

"ကျမ အနူးအညွှန့်​တောင်းပန်ပါတယ် မနွယ်
ကျမလည်း ကျမ သမီးကို အ​ဝေးက လူနဲ့အိမ်​ထောင်ချ​​ပေး​တော့မှာပါ
ဘယ်​တော့မှ အမတို့ရွာကို မလာ​စေရပါဘူး
ဒီက အမ မလှကိုလည်း ​တောင်းပန်ပါတယ်​နော် (​မေမီလင်းအ​မေ)"

​ဒေါ်နွယ်နွယ် ဝင်း လုံးဝမ​ကျေနပ်နိုင်ပါ ။ သူ့သား​​လေးနဲ့ ရာစု ​လေးတို့သားအဖ ​ဝေး​နေတာ​ကြောင့်သူကပို စိတ်မ​ကောင်းဖြစ်ရ၏။ သိပ်ချစ်ကြတဲ့မိသားစု ​လေး မို့ ဒီက​လေးမကို ပို​ဒေါသထွက်တာပါ ။

"ခွင့်လွှတ်​ပေးလိုက်ပါ ​​မေနွယ်
သူလည်း နားလည်သွားမှာပါ (ရာစု)"

"ကြား​တယ်​နော် ​မေမီလင်း ငါ့ အမျိုးသားကို ဒူး​ထောက်​တောင်းပန်လိုက် သူ​ပြော​ပေးလို့ သူမ​​ပြောရင် မင်းကို ငါက ​ထောင်ထဲထည့်တယ် (ဓန)"

ဓန တစ်ကယ်ကို တရားစွဲဖို့ လုပ်ထားတာပါ ။ သူ့အုဝဲ​လေး စကားကို ​မြေဝယ်မကျနား​ထောင်တဲ့သူမို့ ​တောင်းပန်တဲ့အဆင့်နဲ့တင်ဇာတ် လမ်းဖြတ်လိုက်တာပါ။ သူနဲ့အုဝဲကိစ္စ ကိုလည်း ​သေချာ​အောင် လုပ်ရအုန်းမှာမို့ အုဝဲကို မျက်နှာ ချို ​သွေး​နေတာလဲပါ၏။

"အကို နဲ့ရာစု ကို ​မေမီ အနူးအညွှန့်တောင်းပန်ပါတယ်
အကိုတို့ စုံတွဲရဲ့ အချစ်ကိုလည်း ​မေမီ တကယ်​လေးစားပါတယ် (​မေမီလင်း)"

My Owner (Completed)Where stories live. Discover now