Part 44(Uni+Zawgyi)

5.9K 190 12
                                    

Uni

"အာ အကို
ငုံ​ဆေး​လေးငုံလိုက်အုန်း
အိပ်ငိုက်မှာစိုးလို့ "

ဓနက သူ့ အုဝဲ​လေးကို ကြည့်ကာ သူ​ကျွေးတဲ့ ငုံ​ဆေးပြား​လေးကို ငုံ့ထားလိုက်သည်။ ဘာ​လေးမှန်းမသိ​အောင် ချစ်ဖို့​ကောင်း​နေတဲ့က​လေး ​ဖေ​ဖေ ​​သေး​သေး​လေးပါ ။ ဓနတို့ မိသားစု ဒီ​နေ့ အုဝဲ အ​ဝေးသင် တက်ဖို့ မန်း​လေးကို သွားကြတာဖြစ်သည်။ အုဝဲက ကား​​မောင်း​နေတဲ့ သူ့ကို အိပ်ငိုက်မှာ စိုးတာမို့ စကားတ​ပြော​​ပြော နဲ့ လိုက်ပါလာ၏။ မုန့်​တွေလည်း တမျိုးပြီးတစ် မျိုး မရိုးရ​အောင် လာ​​ကျွေးပါ​သေးသည်။

"သားကြီး ညီ​လေး နဲ့အဆင်​ပြေလား"

​"ပြေတယ်​လေ ​ဖေ​ဖေ "

"သားငယ်​လေး ​ဖေ​ဖေ့ဆီလာမလား "

"ရရယ်​ဖေ​ဖေ"

သားနှစ်​ယောက်က ကား​နောက်ခန်း မှာ ကစားကွင်းလိုဘဲ ​ဆော့ပြီးလိုက်လာကြ၏။ အကိုကော၊ သူကောက သားနှစ်​ယောက်ကို ဖုန်းအကျင့် မလုပ်ထားတာမို့ သူ့တို့ငယ်ဘဝကို ကစားနည်း ​ပေါင်းစုံနဲ့သာ ​ပျော်​မွေ့ကြတဲ့ သားနှစ်​ယောက်ပါ ။ အကိုက သူ့ကို လိုအပ်တာ မရှိ​အောင် ပြည့်စုံ​အောင်ထားပါတယ်ဆို သားနှစ်​ယောက်ကပါ စိတ်ချမ်းသာ​အောင် ထားတာ​ကြောင့် အရင် က ​ပေါင် ၁၁၀ ​တောင်မပြည့်တဲ့ လူက ​ပေါင် ၁၂၀​တောင် ဖြစ်လာတဲ့အထိပါ ။

​"ဖေကြီးသား​တွေ အဆင်​ပြေလား "

"ဟုတ်​ဖေကြီး ချစ်တယ်​​နော် (သားကြီး)"

"ငါ့သား​တွေကို ​ဖေကြီးကချစ် "

"သားငယ်​လေးက​ကော "

"ချစ်ရယ် ​ဖေရီး (သားငယ်)"

ဓန အတွက် အား​ဆေး​သောက်စရာ မလိုပါ ။ ​ဘေးနားမှာ အား​ဆေးကြီးက တမျိုးပြီးတစ်မျိုးမရိုး​ရအောင် ပြုစု​နေပါတယ် ဆို သားနှစ်​ယောက်ကလည်း ချစ်စရာ တီတီတာတာ ​တွေ ​ပြောလို့မဆုံးပါ ။

​"ဖေ​ဖေ့ အိပ်ချင်ရယ် (သားငယ်)"

"လာပြီ ​ဖေ့သား
အကို့ !!သားကို ​နောက်ခန်းသွားသိပ်လိုက်အုန်းမယ်​နော်
ရလား "

My Owner (Completed)Hikayelerin yaşadığı yer. Şimdi keşfedin