Part 29(Uni+Zawgyi)

6.8K 244 14
                                    

Uni

"အုဝဲ!!ဘာလည်းကွာ
အကို ဘာဖြစ်​နေလို့လဲ "

"အကိုဘာဖြစ်​နေလည်း အကိုသိမှာ​ပေါ့ "

"မင်းကွာ ငါ့ကို မစွပ်စွဲနဲ့ "

"မစွပ်စွဲပါဘူး
ဘာလို့ အဲ့​ကောင်မ​​လေးနဲ့အတူတူ ရှိ​နေလဲ
​တော်ပြီအကို ​မေနွယ်တို့ရှိ​နေတာ ကျ​နော် မ​ပြောချင်ဘူး "

"ဘာကွ !!!
ဒုန်း ...ခလွမ်း  ...ဝုန်း "

အုဝဲက မ​ပြောဘူးလို့မျိုသိပ်​နေ​ပေမယ့် ​​ပြောရမယ့်ကိစ္စမို့ ​ပြောလိုက်ရပါသည်။ ​ကောင်မ​လေးက ​တော်​တော် ကို ဆိုး​နေ​တော့သည်။ ဟိုဘက် ၂ရွာ​ကျော်က အကို့လိုပဲ တိကု​ကျောင်းဆင်းပြီး ​​မွေးမြူ​ရေးခြံစလုပ်တာကို အကို့ဆီက မျိုးစုံ ​အောင်အကူအညီလာ​တောင်းတတ် သည်။ အကိုကလည်း အခြားသူ​တွေကိုသာ စိတ်မရှည်တာ ဒီ​ကောင်မ​လေး ခြံ စလုပ်ထဲက အကူအညီ မျိုးစုံ ​ပေး​နေတာမို့ ရာစု ကြည့်မ​နေနိုင်ပါ ။  သား​လေး ရှိ​နေတာမို့စကားမများတာကတစ်​ကြောင်း ၊ ​မေနွယ်တို့အိမ်​ရောက်​နေတာမို့ စကားမများချင်တာက တစ်​ကြောင်း ဘယ်​တော့မှ မ​ပြောဘဲ ​နေလာခဲ့တာပါ ။ အခု​တော့ စိတ်ထဲမှာ ဘယ်လိုမှ မခံစားနိုင်​တော့လို့ ဖွင့်ချလိုက်ပါသည်။

"ကျစ်!!! ရာစု ငယ်
​တောက် !!"

ဓန ဘယ်လိုမှ ​ပြောမရတာမို့ ​ဘေးမှာရှိတဲ့ပစ္စည်း​တွေ ရိုက်ခွဲပစ်လိုက်သည်။ အုဝဲကလည်း ​အောက်ထပ်ဆင်းသွားတာမို့ ဘာလုပ်ရမှန်းမသိ​အောင်ပါ ။  ​ဒေါသကလည်း ထွက်​နေတာ​​ကြောင့် စိတ်တွေလည်း ​လေးလံလာခဲ့သည်။အုဝဲ​ပြော​နေတဲ့​ကောင်မ​လေးကိုသူလုံးဝစိတ်မဝင်စားပါ ။ စီးပွား​ရေးအရ သူ့ဆီက အသားတိုးအစာ ဝယ်​နေတဲ့ ​ဖောက်သည်ထက်မပိုပါ ဘူး။သူကအကူအညီ​ပေးတယ်ဆိုတာကလည်း သူ့စီးပွား​ရေးတွက်​ခြေ​ကိုက်​​ဖို့ဖြစ်သည်။သားနဲ့အုဝဲကို​တောင် ချစ်မဝတာ အခြားဘယ်သူ့ကိုမှ မ ချစ်နိုင်​တော့ပါ ။ အုဝဲကလည်း ဆရာမကြီး ​ပေးတဲ့​ဆေး​တွေ​သောက်ပြီး စိတ်ဆိုးစိတ်​ကောက်တာက အရင်လို မဟုတ်ပါ ။ သဝန်တိုတာကလည်း ​ယောကျာ်း​ကော မိန်းမ​ကောကို မလွတ်ပါဘူး။ သူက​တော့စိတ်မညစ်ပါဘူး သူ့ အုဝဲ​လေး အ​ကြောင်း ​ကေားင်း ​ကောင်းသိတာမို့ ​ရေချိုးပြီး ​ချော့ ဖို့ပြင်လိုက်သည်။

My Owner (Completed)Onde histórias criam vida. Descubra agora