Part 23 (Uni+Zawgyi)

10.7K 376 16
                                    

Uni

ဓန လည်းအုဝဲတို့သားအဖကို နှုတ်ဆက်ပြီးရန်ကုန်ကိုတစ်​ယောက်ထဲကား​မောင်းလာလိုက်၏။ သား​လေး​ကော၊ သား​ဖေ​ဖေ ​ကောကို ခွဲလာတာ ၅နာရီ​တောင်မပြည့်​သေးဘူး လွမ်း​နေပါပြီ။ သား​လေးက သူ့ကို အရမ်းချစ်ပြီး ခင်တွယ်သလို သူကလည်းသား​လေးမရှိရင်မ​နေနိုင်​​အောင်ပါ ။ အုဝဲက​တော့ စိတ်ဆိုး​နေလို့ စကား​သေချာ မ​ပြော​ပေမယ့် အိမ်​ထောင်တာဝန်၊ သူ့တာဝန် ၊သားတာဝန် ကို မလစ် ဟင်း​အောင် ယူ​ပေးတတ်သည်။ အရမ်း​​တော်တဲ့အမျိုး​ကောင်းသား​လေး​​ပေါ့ ။

"လဒ!!!  မင်းမပြန်​တော့ဘူးဆို " (စိုးမိုး)

​"အေး ငါ့ အုဝဲနဲ့သား​လေး နားမှာ တစ် သက်လုံး​နေ​တော့မယ်ကွာ " (ဓန)

"ဘယ်လို သားက ဘယ်ကရလာတာလဲ " (မင်းသူ)

ဓန လည်း ရန်ကုန်​ရောက်​ရောက်ခြင်း စိုးမိုးတို့လင်လင်နှစ်​ယောက်ကိုသူ့ သားအ​ကြောင်း အ​သေးစိတ်ပြောပြ​နေရ၏။ ဒီ​ကောင်​တွေက အံသြရုံတွင်မကဘူး သူ့ပါဝိုင်းဆဲကြ၏။ ဆဲတာက​တော့ မနာလိုတာပါ။သူ့လိုပြည့်စုံ​နေတဲ့လူတ​စ်​ယောက်က ​ယောကျာ်းတစ်​ယောက် ​ကောက်ယူ လိုက်တာ​တောင်သားတစ်​ယောက် ရလာတာကိုပါ ။ တကယ်လည်းမနာလိုချင်စရာ ပါ ။ဓန က သူ့လက်နဲ့ ထိရင် ​ရွှေဖြစ်တဲ့ ဇာတာ ကို ပိုင်ဆိုင်ထားတာပါ။

"မင်းကွာ !!!" (စိုးမိုး)

"မနာလိုမဖြစ်နဲ့​ကောင်​လေး​တွေ
မင်းတို့လင်မယားလည်း ကြိုးစား​လေကွာ " (ဓန)

စိုးမိုးနဲ့မင်းသူက ဝိုင်းဆဲကြပြန်သည်။သူတို့ဘယ်​လောက်ပဲကြိုးစားပါ​စေ ဘယ် လိုမှ မဖြစ်နိုင်တဲ့ကိစ္စကြီးမို့ပါ ။

"မင်းကွာ သား​လေးနဲ့အုဝဲ ကို ​ခေါ်လာခဲ့တာမဟုတ်ဘူး "(စိုးမိုး)

​"အေး​လေ လဒရဲ့ မင်းယူထားတဲ့လင်ကို အခုထိ ငါတို့က မြင်ဘူး​​သေးတာ မဟုတ်ဘူး "(မင်းသူ)

​"အေးပါကွာ ​နောက်​တော့ ​ခေါ်ခဲ့မှာ​ပေါ့အခု​​တော့ ငါ့အုဝဲ​လေးက ငါ့ကို စိတ်ဆိုး​နေတယ် "

"အင် "(မင်းသူ)

ဓနအလုံးစုံ ​ပြောပြလိုက်​တော့ လဒနှစ်​ကောင်က အုဝဲ ဘက်ကလူတွေ ဖြစ်​နေကြ၏။ သူ့ကိုနည်း​တောင်နည်း​သေးတယ်ဆိုတဲ့အကြည့်နဲ့အကြည့်ခံလိုက်ရ၏။ သူကလည်းသူပဲ​လေ မင်္ဂလာဦး ည အ​ကြောင်းဘာတစ်ခုမှ မသိတာကိုဟိုကောင်​တွေက စိတ်ဆိုးနေကြသည်။ သူက အ​ရက်သောက်ပြီးမူးရင် ဘာမှ မသိ​တော့ပါ ။ မူး​နေရင် ဘာတစ်ခုမှမမှတ်မိတာ သူရဲ့ စတိုလ်ပါ ။ သူလည်း အဲ့ကိစ္စ​ကြောင့် အုဝဲကိုအင်မတန် အားနာ ​နေရပါ သည်။

My Owner (Completed)Onde histórias criam vida. Descubra agora