Uni
"အကို့ !!!"
"အွန်း"
"စု ပြောစရာရှိတယ် "
"ပြော"
ရာစု တို့အခုနေတဲ့အိမ်ကို ပြန်ဆောက်မှာမို့ အကို့ကိုပူဆာစရာရှိတာတွေကိုပူဆာနေရသည်။ အကိုက ခွင့်မပြုမှာ စိုးရိမ်တာမို့ ချော့ပြီးပြောနေရ ၏။ ဒါတောင်လုံးဝခွင့်မပြုတာမို့ ရာစု စိတ်ဆိုးနေရသည်။ အကိုဆိုတာ ဘယ်တော့မှ သူမကြိုက်တာ မလုပ်ရပါ ။
"ပြောပါအုန်းအုဝဲက ဘာလို့ စျေးရောင်းချင်ရတာလဲ
ဘာတွေ လောဘကြီးနေတာလဲ ""မဟုတ်ဘူးလေ အကိုကလည်း ကုန်စုံ ဆိုင် ဖွင့်ထားပြီးစုက ဦးစီးမှာပါ "
"မလုပ်ရဘူးကွာ
ပင်ပန်းတယ်
သားနဲ့ အကို့ကိုပဲ ချစ်ပေး
ကျန်တာ အားလုံး အကို လုပ်မယ် "ရာစုလည်း ဘာမှမပြောချင်တော့တာမို့ အကို့ကို ဘာမှမပြောဘဲ မေမေဆီသွားလိုက်သည်။ သားလေးက မနက်ထဲက မေမေဆီရောက်နေတာမို့ သားလေး ဆီလိုက်သွားလိုက်တာ ပါ ။ အကို့ကိုစကား မပြောချင်တာလဲပါ၏။ မနက်ဖြန်ဆို အိမ်က ဖြိုတော့မှာမို့ ခြံထဲက မောင်ကျော်တို့အဖွဲ့တွေက အိမ်ပေါ်ကပစ္စည်းတွေ ကို ဂိုဒေါင်ထဲ ထည့်နေ၏။ အကိုက အစစအရာရာ စီမံပေးနေတာကြောင့် မအားပါ ။ ရာစုကတော့ သားနဲ့ သူတို့ အသုံးအဆောင်အဝတ်အစားတွေကို ထုတ်ပိုးပေးရုံပါ ။ အိမ်ဆောက်နေတဲ့အချိန်မှာ မေနွယ်တို့အိမ်မှာ လိုက်နေရမှာ မို့ တချို့ပစ္စည်းတွေက မေနွယ်တို့အိမ်တောင်ရောက်နေပါပြီ ။
"အုဝဲလေး!!!
အုဝဲရေ""အကိုလေးရာစု အပြင် ထွက်သွားတယ် အကိုလေး "
ဓန အမောပြေ ကြည့်ချင်လို့ အုဝဲကို လိုက်ရှာတာ အုဝဲက မတွေ့တာမို့ လူက ဘာလိုနေမှန်းမသိပါ ။ ဝေယံကို အိမ်ဆောက်ဖို့ အားလုံး အိမ်ပုံစံကော ရွေးထားပြီးမှ အုဝဲက အိမ်ရှေ့မှာ စျေးဆိုင်ဆောက်ပေးဖို့ပူဆာ နေပြန်၏။ သူက မဆောက်ပေးချင်ပါဘူး ။ အုဝဲပင်ပန်းမှာ စိုးတာကြောင့် ဘာအလုပ်မှပေးမလုပ်ချင်တာပါ ။ ဒါကို အုဝဲလေးက စိတ်ဆိုးသွားတာဖြစ်မည် ဖုန်းဆက်တာတောင်မကိုင်ဘဲ နေတော့၏။

VOCÊ ESTÁ LENDO
My Owner (Completed)
Romanceမင်းက ငါ့ဘဝကို အပိုင်သိမ်းလိုက်တာကွ #ဓနပြည့်စုံ ကျနော်ဘာမှားနေလို့လည်း အကို ထားတဲ့နေရာမှာနေမယ် အကိုကျွေးတာစားမယ် အကို လုပ်သမျှလက်ခံဖို့ အဆင်သင့်ပဲလေဗျာ #ရာစုငယ်