Part 8 (Uni+Zawgyi)

9.4K 470 20
                                    

Uni

"ဘာလို့ငိုပြန်တာလဲ "

"ဟင့်....ဘာမှ မဖြစ်ပါဘူး...အင့်"

ဓန က မနက်ဖြန် ရန်ကုန်သွားဖို့  luggage ပြင်ခိုင်း​နေတာကို မျက်ရည်​တွေ ကြပြီး ပြင်​နေ၏။ သူ့မေး​တော့လည်း ဘာမှ မ​ပြောတာမို့ ဓန​ဒေါသ ထွက်​နေ​တော့သည်။ တစ်ခုခု ဆို ဘာမှ မ​ပြောဘဲငိုတဲ့အကျင့်ကို ​ငေါက်ရအုန်းမည်။ မ​ငေါက်လို့လည်းမရ ပါ ။ သူကဘာဖြစ်မှန်းမသိ​တော့ ကိုယ်က ၅ရက်​လောက် ကုမ္ပဏီကိစ္စ ခရီး ထွက်ရမှာ​လေစိတ်က​ဖြောင့်ပါအုန်းမလား ။ ဘာ​တွေက ဘာမှန်းမသိ​အောင် အ​ကောင်​ပေါက်​လေးက မျက်ရည်ပိုကျလာ​တော့သည်။

"အုဝဲ ငါက ​မေး​နေရင် ​ဖြေမှကြိုက်တာ
​ပြော ဘာကိစ္စ ငို​နေရတာတုန်း
ငါ​ဒေါသ ထွက်လာရင် မလွယ်ဘူး​နော် "

"စု က ဒီအိမ်မှာဘဲ​နေချင်တာ
အိမ်ကို စိတ်မချလို့ပါဆို "

ဓန အခုမှရိုက်ရမလို၊ ​ငေါက်ရမလို ဖြစ်သွား​တော့သည်။ သူ့အိမ်ကို ဥစ္စာ ​ခြောက်​နေတဲ့အ​ကောင်​ပေါက်ပါ ။ ဓန ကရန်ကုန်သွားမှာမို့ သူ့ အ​မေအိမ်မှာ ပြန်အိပ်ခိုင်းတာကို စိတ်မ​ကောင်း ဖြစ်​နေတာ ​နေမှာပါ ။သူ့အိမ်မှာက အရင်လိုမဟုတ်ဘဲ ပစ္စည်း​တွေက အပြည့်အစုံ ဆို​တော့ စိတ်မချတာ ​နေမှာ​ပေါ့ ။

"အင်း အဲဒါဆို တစ်​ယောက်ထဲ​တော့ စိတ်မချဘူး
မိနှင်း အ​ဖော် ​ခေါ်အိပ် "

"ဟုတ်အကို "

​"တော်ပြီ မျက်ရည်​တွေ အခုသုတ်
ငါ ထမင်းစားမယ် "

"ဟုတ်အကို ခဏ​လေး​နော် စု ဟင်း​တွေ ပြန်​​နွှေးလိုက်အုန်းမယ် "

ဓန သူ့ ​ရှေ့က ထွက်သွားတဲ့ အုဝဲကို ကြည့်ကာ တချက်တချက် ဘာလုပ်ရမှန်း မသိ ။ ဆူရမှာလား၊​ချော့ရမှာလား ဘာလုပ်ရမှန်းကို မသိပါ ။ သူ့အ​ပေါ် အရမ်းအားကိုးတာ​တော့ သိ၏။ အခုလည်း သူနဲ့သာ ထမင်းစားတာ အုဝဲတစ်​ယောက်ထဲဆို ထမင်း​မေ့၊ဟင်း​မေ့ စက်ချုပ်​တော့မှာပါ ။

"အကို့ !!!ရပါပြီ "

"ဘာ​တွေလည်း
များလှချည်လား "

ရာစုက အကို ခရီးထွက်မှာလို့ ​ပြောလိုက်ထဲက လူက ​နေလို့မ​ကောင်းပါ ။ တစ်ခု ခု ဟာသွားသလို ဖြစ်​နေပြီး​ရေခဲ​သေတ္တာထဲမှာ ​တွေ့သမျှ ​တွေကို ချက်ပြစ်လိုက်သည်။ ဝက်အူ​ချောင်း​ကြော် ၊ ဘဲဥ ပြုတ်ပြီး ကြက်သွန်နီနဲ့သုပ်၊ ​ကော်ဖီပန်းပွင့် ကို ကြက်ဥနဲ့​ကြော် ၊ ရွာထဲက လာ​ရောင်းတဲ့ ဗမာကြက်ကို ​ရေချို ချက်ကာ ပြင်ထားလိုက်သည်။ သူ့အတွက်က​တော့ ထုံးစံအတိုင်း လ္ဘက် သုပ်ချဥ်ငန်စပ်​လေး သုပ်လိုက်သည်။

My Owner (Completed)Where stories live. Discover now