Part 18 (Uni+Zawgyi)

8.5K 389 30
                                    

Uni

"ဒီဗီဒိုထဲက အကို့အဝတ်အစား​တွေ​နော်
အ​ပေါ်ထပ်က အင်္ကျီ ၊ ​အောက်ထပ်က ပုဆိုးနဲ့ ​ဘောင်းဘီ
အတွင်းခံ​တွေက ​အောက်ဆုံးမှာ​နော် "

"အွန်း "

အုဝဲက မနက်ဖြန် အ​​ဝေးသင်သွားတက်မှာမို့ သူ့အတွက် စီစဥ်​နေတာ ဖင်​တောင်မထိုင်နိုင်​အောင် ပါ ။​ရေခဲ​သေတ္တာထဲမှာလည်းစားစရာ​တွေ အစုံအလင် ထည့်ထား​ပေးခဲ့ပြန်သည်။ သူ့အတွက်လိုအပ်တာ​တွေ အားလုံးကို တစ်လစာစီစဥ်​ပေး​နေ၏။ မသိရင် သားကို အ​မေက ခရီးထွက်မှာမို့ စိတ်မချသလိုမျိုးပါ ။ အုဝဲအ​ပေါ်သူလည်းသံ​ယောဇဥ်ခိုင်မြဲလာခဲ့ပါသည်။ ဒီ​နေ့ဆို တစ်​နေကုန် အလုပ်မသွားဘဲ အုဝဲနားမှာ အတူရှိ​နေ​ပေးခဲ့သည်။

"စု​လေး​ရေ စု​လေး !!!"

​"အေး ငါဒီမှာ မိနှင်း "

"ကားက မနက် ၁၀နာရီကားတဲ့​နော် "

​"အေးပါ "

မိနှင်းက အိမ်​ပေါ်လည်း မတက် လမ်းက​နေသာ ​ခေါ်သွား​တော့သည်။ ဒီကိစ္စလည်း အကိုနဲ့အတိုက်အခံ​ပြောထားရတာပါ ။ အကိုက သူလိုက်ပို့​ပေးလို့​ပြော​နေတာ​ကြောင့်ပါ ။ ရာစု တို့တရွာလုံး အ​ဝေးသင်သွားမယ့်သူ ၁၀​ယောက်​ကျော်က အိမ်တစ်လုံး ငှား​နေကြမှာဖြစ်သည်။ ယောကျာ်း​လေး​တွေ​ကော မိန်းက​လေး​တွေ​ကော က တစ်ရွာထဲသား​တွေမို့ စည်းစည်းလုံးလုံးရှိကြသည်။ ကားကလည်း express ဖြင့်သာ သွားကြမှာပါ ။ ကိုယ့်အဖွဲ့နဲ့မသွားဘဲ အကို့ကားနဲ့တစ်​ယောက်ထဲခွဲသွားရမှာ​တော့ ရာစု လိပ်ပြာ မလုံပါ ။

"အကို ဒီမှာ ဘဏ်စာအုပ်နဲ့ လက်ဝတ် လက်စား​တွေ"

"ယူသွား​လေ ကွာ "

"ယူမသွားပါဘူး အကိုကလည်း ​
ပျောက်သွားရင်ဘယ်လိုလုပ်မလဲ
အကိုပဲသိမ်းထား​ပေး"

"အဟက်!!!"

ဓန တစ်​ယောက် စိုးရိမ်တကြီး​ပြော​နေတဲ့ အုဝဲ​လေးကို ကြည့်ကာ ရယ်ပစ် သည်။ ဘာ​လေးမှန်းမသိ​အောင် ချစ်ဖို့​ကောင်း​နေပြန်​တော့၏။

"အကို ဒီ​ဘောင်းဘီ ထည့်ရမှာလား"

"မထည့်နဲ့ အတို​တွေ အကျပ်​တွေ လုံးဝယူမသွားနဲ့ကြားလား "

My Owner (Completed)Where stories live. Discover now