Part 15 (Uni+Zawgyi)

10.2K 427 26
                                    

Uni

"ရာစု​လေး​ရေ
သွားရ​အောင် "

"ဟုတ်အမမြင့် လာပြီ "

ဒီ​​နေ့အုပ်ချုပ်​ရေးမှူးကြီးကရွာလုံးကျွတ်အစည်း အ​ဝေး​​ခေါ်တာမို့ ရာစု က အိမ်နားနီးခြင်း အမ မမြင့်နဲ့အတူ သွားလိုက်သည်။ အကိုက အလုပ်မ အားတာမို့ အစည်းအ​ဝေးဆို သူပဲ သွား၏။ ပြီးမှသာ အကို့ကို ​ပြောပြကာ တိုင်ပင်ပြီး တစ်ခုခု ဆုံးဖြတ်ကြသည်။ အကိုကလည်း အခု​နောက် ပိုင်း ရာစု ကို တစ်ခုခုဆို တိုင်ပင်တတ်လာတာမို့ စိတ်ချမ်းသာရသည်။

"တစ်ရွာလုံးကို ကျ​နော်​ပြောမယ့် အ​ကြောင်းက​တော့ ရွာလုံးကျွတ် ရဟန်းခံ၊ ရှင်ပြု၊ နားသ အလှူပွဲကြီးလုပ်မှာ ဖြစ်ပါတယ်
ရွာဦး​ကျောင်းဆရာ​တော်ဘုရားကြီးက ကြီးမှူး ကျင်းပမှာမို့ အားလုံးတက်ညီလက်ညီ ပါဝင်​စေချင်ပါတယ် "

ရွာသူရွာသားများက ​သိချင်တာများ​မေးပြီး အုပ်ချုပ်​ရေးမှူးကြီးက ​ဖြေကြားပြီး အစည်းအ​ဝေးကို အဆုံးသတ်လိုက်သည်။

"အမမြင့် သွားနှင့်လိုက်​တော့
ကျ​နော် အ​မေနွယ်တို့အိမ်ဝင်လိုက်အုန်းမယ် "

​"အေး​မောင်​လေး​ရေ "

အစည်းအ​ဝေးပြီး​တော့ ည​နေလည်း ​ရောက်​နေပြီမို့ အကို့ကို သွားကြိုဖို့ ပြင်လိုက်သည်။ အုပ်ကြီး အိမ်က​နေ လမ်း​လျှောက်ကာ အကို့အိမ်ကိုဦးတည်လိုက်သည်။

"ညီ​လေးရာစု ဘယ်သွားမှာလဲ
အကို လိုက်ပို့မယ် "

"ရပါတယ် အကိုသန့်စင် "

ရာစု တစ်​ယောက် ရင်ဘတ်ကိုဖိကာ ​ဘေးဘယ် ညာကိုကြည့်ရ​သေးသည်။ အကိုဓနသာ မြင်ရင် မိုးမီး​လောင်မှာမို့ပါ။ အကိုနဲ့က အဆင်​ပြေ​နေ​တဲ့ အချိန်မှာ ဘယ်အ​နှောင့်အယှက်မှ သူ့ အိမ်​ထောင်​ရေးမှာ ရာစု အဝင်မခံနိုင်ပါ ။ အကိုသန့်စင် ကလည်း အစည်းအ​​ဝေးပြီးပြန်တာမို့ သူနဲ့ထိပ်တိုက်​တွေ့တာပါ။ ဒီတိုင်းဆို ရာစု ကိုက အကိုသန့်စင်နဲ့မ​တွေ့​​အောင် ​ရှောင်တာပါ။အကိုစိတ်ဆိုးမှာ သူအ​ကြောက်ဆုံးမို့ပါ ။

"ကိုထက် !!!"

"အာ ရာစု​လေး
အစည်းအ​ဝေးလာတက်တာလား "

My Owner (Completed)Onde histórias criam vida. Descubra agora