Part 6 (Uni+Zawgyi)

11.1K 526 20
                                    

Uni

🎶🎵မင်္ဂလာအချိန်ရက် မြတ်သို့ရောက်ခဲ့ပြီ
လက်ထပ်ပွဲလေးကျင်းပကြတော့မည်
ပျော်ရွှင်ကြည်နူးမဆုံးသောနေ့မို့
ဘယ်အခါမမေ့ပေ
မောင်မယ်နှစ်ဦးသား
ပြုံးပန်းကိုစီပွင့်လန်းလို့နေ

မင်္ဂလာရှိသော

ဧည့်ပရိတ်သတ် ရှေ့မှာ
လက်ထပ်ပွဲလေးကျင်းပကြတဲ့အခါ
သေတဖန်သက်တဆုံးပေါင်းဖက်ဖို့
မေတ္တာချွေဆုတောင်းနေ
ချစ်သက်ကြာရှည်
ချမ်းမြေ့တဲ့ဘဝရစေ

ဒီအချိန်ကစ တို့နှစ်ယောက်သည်
အမြဲအတူနေရတော့မည်
ဘယ်အခါမခွဲတမ်း အမြဲတမ်း
စွဲလမ်းချစ်ကြမည်...
ဒီအချိန်ကစတို့နှစ်ယောက်သည်
သစ္စာဆိုကတိပြုမည်
အချိန်တွေပြောင်းလဲ
တို့နှစ်ယောက်
မပြောင်းဘဲချစ်ကြမည်....🎶🎵

ရာစု တို့အိမ် မင်္ဂလာ မဏ္ဍပ်က သီချင်းသံများက တစ်ရွာလုံးဖုံးလွှမ်း​နေ​တော့ ၏။ မနက် ၄နာရီ​လောက်ထဲက စက်အဖွဲ့​တွေကထဖွင့်​နေကြ​တော့ သည်။ ထမင်း​ပေါင်းတာဝန်ကြတဲ့သူ​တွေကထမင်း​ပေါင်းကြပြီး အိုးသူ​ကြီးအဖွဲ့က ဟင်းချက်ကြ၏။ ဒီ​နေ့ မင်္ဂလာပွဲကြီး​နေမို့ ဝက်သား ဒယ်ကြီးချက် ၊ ပဲတီချဥ်သုပ်၊ ပုစွန်​ခြောက်ငရုတ်သီး​ကြော်နဲ့ ကုလားပဲဟင်းချိုကို ပွဲ​ပေါက်အမုန်း​ကျွေးဖို့ ချက် ထားကြ၏ ။ ဝက်သားမစားတဲ့သူက​တော့ ကြက်သားဟင်း​ကျွေးပါသည်။ မနက်အာရုံမတက်ခင် ထဲက ထမင်း​ကျွေးအဖွဲ့စ​ကျွေး​နေရ​တော့သည်။ ရွာလုံးကျွတ်မီးခိုးတိတ်မို့ ​တောထဲသွားကြမည့်အဖွဲ့​တွေက အ​စော ကြီး လာစားကြ ၏။ ထမင်း​ကျွေးအဖွဲ့​​​ဘေးနားမှာ ​ရေ တိုက်အဖွဲ့ရှိ၏။ ​တစ်ရွာလုံးကရွာဦး​ကျောင်းက ​ရေတွင်းက ​ရေသာ ​သောက်ကြပါသည်။ ​ရေသန့်ဗူးကား​တွေက တော့ လာ​ပေမယ့် ​သောက်တဲ့သူရှားပါး ၏။ ​ရိုးရာမပျက်တွင်း​ရေကိုသာ သောက် ကြ၏။ ထမင်းစား ရုံမှာ ထမင်းနဲ့ဟင်းသာ ဧည့်ခံပြီး မဏ္ဍပ်ထဲတွင် လ္ဘက်နဲ့အချိုပွဲ​ရေ​​နွေးဝိုင်းသပ် သပ်ဧည့်ခံ​၏။

"အမ​လေးစု​လေးရယ်
လှလိုက်တာ
ဘာလို​လေးလည်း "

မမ​ခေါ်ထားတဲ့ မြို့​လေးက မာမီ အဖွဲ့က ရာစု ကို ပြင်​ပေး​နေ​တော့သည်။ မမက​တော့ သူအိမ်မှာ ​မေနွယ်​ကော ပြင်​နေတာမို့ မာမီ ၂​ယောက်က မမတို့အိမ်ဘက် သွားကာ ပြင်​ပေးရသည်။ ရာစု အိမ် မှာက ​မေ​မေရယ်မိနှင်းရယ် ရာစု ရယ်သာ ပြင် ရသည်။ ရာစု ​လေး​လေးက အလှပြင်တာ ဝါသနာ မပါတာမို့ ​အေး​အေး​ဆေး​ဆေးသာ မဏ္ဍပ်ထဲဧည့်ခံ​နေ​တော့သည်။

My Owner (Completed)Tahanan ng mga kuwento. Tumuklas ngayon