Uni
"အော် ဖိုးပြည့်နဲ့ရာစု လေးပါလား
ကလေးကောပါတယ် ""တင်ပါ့ဘုရား (ဓန)"
"ကဲ ဘာကိစ္စ ရှိလို့လဲ ဒကာလေးတို့ "
"အိမ်တက်မင်္ဂလာနဲ့ဆိုင်ဖွင့်ပွဲ ကို ဘကြီးဘုန်းကြီးနဲ့တိုင်ပင်ချင်လို့ပါ ဘုရား(ဓန)"
"ဘုန်းကြီးရက်ရွေးပေးလိုက်မယ်"
"ဆိုင်နာမည် လေးကော ရွေးပေးပါအုန်း ဘုရား (ရာစု)"
ရာစု တို့ ဘုန်းကြီး ကျောင်းကို မိသားစု အလိုက် ချီတက်လာကြသည်။ ဘုန်းဘုန်းကြီးကလည်းလိုအပ်တာ မှန်သမျှ မိန့်ကြားလိုက်ပါသည်။ လာမယ့်ကဆုန် လပြည့် ဗုဒ္ဓနေ့ကို အိမ်သစ်တက်မင်္ဂလာနဲ့ဆိုင်ဖွင့်ပွဲလုပ်ဖို့ အားလုံးမိန့်လိုက်၏။ ဆိုင်နာမည်က တော့ 'စု' ဆိုတဲ့ တစ်လုံးသာပေးလိုက်၏။ ဘုန်းဘုန်းကြီးကဗေဒင် ပညာလည်းတတ်တာမို့ သားနာမည်ကိုလည်းကြာသပတေးသားမို့ ဘုန်းမြတ်ဆိုပြီး မှည့်ပေးထားတာပါ ။ သူ့ဖေကြီးအိမ်ပေါ်ရောက်မှ သားနာမည်မှာ ပြည့်စုံ ဆိုပြီးထည့်လိုက်တာပါ ။အကိုနာမည်ထည့်လိုက်တော့မှပဲ သားလေးနာမည်က ၉ နဝင်းကိုက်သွားတော့သည်။ ၉နဝင်းဆိုတာ ဘာလည်းလို့ သေသေချာချာ မသိပေမယ့်ရာစု တို့မျိုးရိုးက နဝင်းကိုက်ပြီး နာမည်ပေးတတ်ကြသည်။ ရာစုငယ်ဆိုရင် ၉နဝင်းပါ ။ နဝင်းကိုက်နာမည်တွေက ထင်ပေါ်ကျော်ကြားခြင်း ၊ အစစအရာရာ ပြည့်စုံ ခြင်းတွေနဲ့ ချမ်းချမ်းသာသာ နေရတတ်ပါသည်။ ရာစု ကတော့ နာမည်ကြောင့် မပြည့်မစုံရုံးကန်နေရတဲ့ ဘဝကနေ အကို့ကြောင့် သာယာ လှတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ရတဲ့အပြင် အရာရာ ပြည့်စုံသွားတော့ပါသည်။
"သားလေး ဘုန်းဘုန်းကြီးကိုဦးတော်(ရာစု) "
"ဦးသော် ပါဖုရား "
"ငါ့မြေးလေး တော်လိုက်တာ
မုန့်ထည့်ပေးလိုက်အုန်းမယ် ""ရပါတယ်ဘုရား (ဓန)
အားနာစရာကြီး ""အားနာစရာ မလိုဘူး
အဲ့လို ကလေး တွေကို ဘုန်းကြီးကျောင်းနဲ့ရင်းနှီးအောင် လုပ်ပေးရမှာက ဘဘုန်းတို့တာဝန်ဗျ"
![](https://img.wattpad.com/cover/329089265-288-k949637.jpg)
YOU ARE READING
My Owner (Completed)
Romanceမင်းက ငါ့ဘဝကို အပိုင်သိမ်းလိုက်တာကွ #ဓနပြည့်စုံ ကျနော်ဘာမှားနေလို့လည်း အကို ထားတဲ့နေရာမှာနေမယ် အကိုကျွေးတာစားမယ် အကို လုပ်သမျှလက်ခံဖို့ အဆင်သင့်ပဲလေဗျာ #ရာစုငယ်