Uni
"နေ့လယ် အကိုထမင်းပြန်မစားဘူး အုဝဲ"
ဓန ဒီနေ့ တောထဲသွားမှာမို့ အုဝဲကို ပြောနေရသည်။ မပြောဘဲထားရင် သူပြန်မလာမခြင်းထမင်းစားမှာ မဟုတ်ပါ။ ဓနက အမေ့ တောင် ယာ အကွက်တွေထဲက ခြံ လုပ်ဖို့ တောင်းထားပြီး ကြက်၊ ဝက် ၊နွား ခြံလုပ်ပြီးမွေးမှာပါ ။ သူတို့က အစာထုတ်တဲ့ကုမ္ပဏီဆိုတော့အခြားသူတွေတောင် မွေးချင်ရင် အစာတွေ အကြွေးနဲ့ ချပေးနေကြပါ ။အကောင်တွေရောင်းထုတ်မှသာအစာ ဖိုးတွေ ပြန်တောင်းတတ်သည်။ သူကလည်းမွေး မြူရေးခြံလုပ်ချင်နေတာကတကြောင်း ၊ ရွာထဲက လူတွေကလည်း သူများလုပ်မှ လိုက်လုပ်နေ ကြမို့ စံပြအနေနဲ့ သူ့မွေးမြူရေးခြံကို ဒီနေ့ စဆောက်မှာပါ ။ အမေ့မှာ အလုပ်သမားတွေ ပေါတာ မို့ အမေ့ဆီက နေခြံအတွက် အလုပ်သမား ၁၀ ယောက်ကျော် တောင်းထားပြီး လုပ်ငန်းစတာပါ ။သူ ၁နှစ်နေလို့ သူလုပ်ချင်တဲ့နိုင်ငံခြား သွားလုပ်ရင်လည်း အုဝဲလေး အတွက် ဝင်ငွေ ရအောင် လုပ်ပေးခဲ့တာပါ ။ ဒီအကြောင်းတွေကိုတော့ အမေနဲ့ အုဝဲကို မပြောရဲဘဲ သူ့ကိစ္စတွေကို သူ့ဟာ သူသာ ကျိတ်လုပ်နေတော့၏။
"အကို့ !!"
"ပြော "
"အကို့!! စု လည်း မေမေ တို့ဆီ သွားလည်ချင်တယ် မရောက်တာ ကြာလို့
သွားရမှာလား "အုဝဲရဲ့ ချစ်စရာကောင်းတဲ့တချက်ကဘာဖြစ်ဖြစ် သူ့ကို အသိပေးတာပါ ။ ခွင့်တောင်းပြီးမှ လုပ်တာပါ ။ သူက မလုပ်ရဘူး မသွားရဘူးဆိုရင် ကလေးတစ်ယောက်လို မသွားဘဲမလုပ်ဘဲနေတတ် ၏။
"ဘာသွားလုပ်မှာလဲ "
"လကုန်ပြီလေ မေမေ့ကို ပိုက်ဆံသွားကန်တော့ချင်လို့"
အုဝဲက သားအလိမ္မာလေးပါ ။သူ့အမေကို သူ့အင်္ကျီချုပ်ခနဲ့ သူအထည်ရောင်းရတဲ့ အမြတ်ငွေ တွေကို အသုံးစရိတ်အဖြစ် လစဥ်ထောက်ပံသည်။ သူ့အမေကမလိုဘူးပြောလည်းသူ့ လုပ် အားခ မို့ လစဥ်လတိုင်းသွား ကန်တော့တတ် သည်။ဓန လည်း အုဝဲပြောမှ သတိရမိသည်။ သူလည်း အုဝဲအမေကို ထောက်ပံရမှာ တာဝန်ရှိတယ်လို့ပေါ့။ သူ့မိဘတွေက ငွေကြေးပြည့်စုံတဲ့ သူတွေမို့ သူက ထောက်ပံစရာ မလိုတာမို့ မေ့နေမိ၏။
![](https://img.wattpad.com/cover/329089265-288-k949637.jpg)
ESTÁS LEYENDO
My Owner (Completed)
Romanceမင်းက ငါ့ဘဝကို အပိုင်သိမ်းလိုက်တာကွ #ဓနပြည့်စုံ ကျနော်ဘာမှားနေလို့လည်း အကို ထားတဲ့နေရာမှာနေမယ် အကိုကျွေးတာစားမယ် အကို လုပ်သမျှလက်ခံဖို့ အဆင်သင့်ပဲလေဗျာ #ရာစုငယ်