"ဂျောင်ဂု နမ်းတဲ့အရသာကို မင်းအခုမခံစားချင်ဘူးလား။"
သူ့သူငယ်ချင်းပြောလိုက်တဲ့စကားကြောင့် ဂျောင်ဂုစိတ်လှုပ်ရှားသွားရသည်။အခုဒီဂိုထောင်ထဲမှာက သူရယ်၊သူငယ်ချင်းနှစ်ယောက်ရယ်၊အငယ်လေးရယ် အကုန်လုံးကယောကျ်ားလေးတွေချည်းပဲမဟုတ်လား။
"ဟျောင့်...ဆေးမထိုးနဲ့ ဒီမှာအကုန်လုံးကယောက်ျားလေးတွေချည်းပဲ။ဘာလဲ ငါကမင်းတို့နှစ်ကောင်ကိုနမ်းရမှာလား ဟားဟား ဟားဟား။"
"ကျစ်! မင်းကတုံးလိုက်တာ ဂျောင်ဂုရာ။မင်းအခုထိ အလှအပလေးကို မမြင်နိုင်တာ ငါတော့အံ့သြတယ်။"
ဂျောင်ဂု ဘေးနားကထိုင်နေတဲ့ အငယ်လေးကို မျက်စပစ်ပြတာကြောင့် ဒီကောင်ဘာပြောလဲဆိုတာဂျောင်ဂုသဘောပေါက်လိုက်သည်။ဂျောင်ဂုခေါင်းခါပြမလို့လုပ်လိုက်ပေမယ့် မနေ့ညကအဖြစ်အပျက်ကခေါင်းထဲဝင်လာတာကြောင့် ခဏစဥ်းစားနေလိုက်သည်။
"ဟျောင့်...နောက်ကျနေမယ်နော်။လုပ်မယ်ဆိုလည်းမြန်မြန်လုပ်!"
"ကျစ်! ငါမသိတော့ဘူးကွာ။"
ထယ်ယောင်းကတော့ ကျောပိုးအိတ်လေးကိုဘေးနားချထားပြီး ဘောပင်လေးတွေကိုသေချာထည့်သိမ်းနေသည်။ဂျောင်ဂုနဲ့သူ့သူငယ်ချင်းတွေဘာပြောနေမှန်းကိုမသိပါ။
ဂျောင်ဂုခေါင်းငြိမ့်ပြလိုက်တော့ သူ့သူငယ်ချင်းနှစ်ယောက်က ဖုန်တွဘာတွေခါပြီးမတ်တပ်ရပ်လိုက်ကြသည်။ဂျောင်ဂုနဲ့ထယ်ယောင်းကတော့ ထိုင်နေဆဲ။"ဂျောင်ဂု မင်းကိုငါတစ်ခါ video ပြဖူးတယ်လေ။အဲ့ထဲကအတိုင်းပဲလုပ်ရတာ ဘာမှမခက်ဘူး ငါ့ကောင်။"
သူငယ်ချင်းတစ်ယောက်ကပြောတော့ ဂျောင်ဂုခေါင်းငြိမ့်ပြလိုက်သည်။သောက်လက်စဆေးလိပ်မီးကိုဘေးနားမှာ သတ်လိုက်ပြီးထယ်ယောင်းကိုစိုက်ကြည့်နေသည့်ဂျောင်ဂု။ထယ်ယောင်း ကျောပိုးအိတ်လေးကိုဇစ်ပြန်ပိတ်လိုက်ပြီး ခေါင်းမော့ကြည့်လိုက်တော့ ဂျောင်ဂုသူငယ်ချင်းနှစ်ယောက်က ထယ်ယောင်းလက်နှစ်ဖက်ကို ဖမ်းချုပ်လိုက်ကြသည်။
"ဟာ!...ဘာလုပ်တာလဲ သားကိုလွှတ်ပေးပါ! ကိုကို သားကိုသူတို့လာချုပ်နေတယ်! လွှတ်!!"