"အကိုဂျောင်ဂု!"
တံခါးဝကနေရပ်ကြည့်နေတဲ့ကောင်မလေးက နှုတ်ခမ်းကိုမဲ့ရွဲ့ကာခေါ်လိုက်တော့ ဂျောင်ဂုရော၊ထယ်ယောင်းရော လှည့်ကြည့်ရုံသာမက အန်တီကြီးပါလှည့်ကြည့်လို့လာသည်။
"အာ...YoonJi လေးဘာလိုချင်လို့လဲ။"
"Yoon ကအကိုဂျောင်ဂုထသွားကတည်းကလိုက်လာတာ။Yoon ကပျင်းလို့အကိုဂျောင်ဂုနဲ့ပဲစကားပြောချင်တာကို...။"
ကိုကိုကသူ့ကိုအုံ့မိုးထားလျှက်အနေအထားအတိုင်းပဲရှိနေသေးတာကြောင့် ရုန်းလိုက်တော့ ကိုကိုကသူ့ကိုဖယ်ပေးသည်။ထယ်ယောင်းအနေရခက်စွာ အသီးကိုအာရုံစိုက်ကာလှီးနေပေမယ့် ကိုကိုနဲ့ထိုကောင်မလေးဘာပြောမလဲဆိုတာကို နားစွင့်နေမိသည်။
"အကိုဂျောင်ဂု Yoon ကော်ဖီသောက်ချင်တယ်။အရင်တုန်းကလို အကိုဂျောင်ဂု ကိုယ် တိုင် ဖျော် ပေး...။"
ထိုကောင်မလေးကစကားကို သူသတိထားမိအောင်တမင်တကာ တစ်လုံးချင်းပြောနေမှန်းထယ်ယောင်းသိလိုက်သည်။
ဘာလဲ အဲ့ကောင်မလေးကို သူ့ကိုရန်စနေတာလား။"အန်တီကြီးဖျော်ပေးလိမ့်မယ်လေ YoonJiလေးရဲ့။အကိုက အငယ်လေးနဲအတူတူအသီးလှီးပေးမလို့လေ။အန်တီကြီး! YoonJiလေးအတွက် ကော်ဖီလေးဖျော်ပေးပါဦး။"
ဟင်းချက်နေတဲ့အန်တီကြီးက ဟင်းအိုးခလုတ်ကိုပိတ်ပြီး လက်ဆေးနေတော့ YoonJi ကခြေဆောင့်ကာ ထယ်ယောင်းရဲ့ဘေးတစ်ခုံကျော်ကိုဝင်ထိုင်လိုက်ပြီး နှုတ်ခမ်းကိုဆူထားသည်။ထယ်ယောင်းကတော့ လှီးလက်စအသီးလေးကိုသာအာရုံစိုက်နေတော့ ဂျောင်ဂုကတော့ ထယ်ယောင်းဆံပင်ကိုတစ်ချက်ဖွလိုက်သည်။
YoonJi ထယ်ယောင်းဆိုသောကောင်လေးကိုကြည့်ရင်း နှာခေါင်းရှုံ့လိုက်မိသည်။အကိုဂျောင်ဂုကလည်း သူ့ကိုတောင်အရင်ကလိုပြောဆိုတာမျိုးမရှိတော့ဘဲ ရှောင်နေသလိုမျိုးကြီး။
ဟွန့် အဲ့ကောင်လေးကို သူမ တော့ကြည့်မရပါဘူး။"ထားလိုက်တော့ Yoonမသောက်တော့ဘူး။ဟီး~အကိုဂျောင်ဂု Yoon လည်းလှီးပေးမယ်လေ။"
"အော...YoonJi လေးကလှီးတတ်လို့လား။"
"ဒီလောက်ကတော့ လွယ်လွယ်လေးပါနော်~ ဟွန့် ပေးYoonလုပ်ပြမယ်..."