"သားငယ်လေး ဒီနေ့အိမ်ကိုဧည့်သည်တွေလာရင် ဧည့်သည်တွေကိုစိတ်အနှောက်အယှက်ဖြစ်အောင်မလုပ်ရဘူးနော်။"
ဧည့်ခန်းထဲက ခုံပေါ်မှာထိုင်ရင်းအိမ်စာရေးနေတဲ့ထယ်ယောင်းလေးကိုသူ့အဖေဖြစ်သူကမှာနေခြင်း။
"ဟုတ်ဖေဖေ။"
အသက် 15 နှစ်ဆိုပေမယ့်သူ့သားထယ်ယောင်းဟာလိမ္မာတဲ့ကလေးတစ်ယောက်ဖြစ်သည်။ဧည့်သည်ဆိုတာထက် သူကနောက်အိမ်ထောင်ပြုရန်ပြင်ဆင်ထားခြင်းဖြစ်သည်။ငယ်ကရည်းစားဟောင်းနဲ့ပြန်တွေ့ပြီး လက်တွဲရန်နှစ်ယောက်သားဆုံးဖြတ်ခဲ့ကြခြင်း။
သူမကလည်း အိမ်ထောင်ကွဲနေပြီး အခုလက်ရှိသူကလည်း ဇနီးသည်နေရာလစ်လပ်နေတာကြောင့် အခုလိုဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။သူမမှာ သားတစ်ယောက်ရှိပေမယ့် စိတ်ပူစရာမလိုပါ။ကလေးနှစ်ယောက်က ယောက်ျားလေးတွေပဲမို့တည့်မှာပဲဟုသာ သူတို့တွေးထားခဲ့ကြသည်။ကားရပ်သံကိုကြားတော့ Mr.Kim ကအိမ်ပေါက်ဝကိုထွက်ကာ သွားကြိုတော့ ထယ်ယောင်းလိုက်ကြည့်နေမိသည်။
ဖေဖေနဲ့အတူအိမ်ထဲဝင်လာသော အမျိုးသမီးတစ်ယောက်နဲ့အတူ နောက်ထပ်အစ်ကိုကြီးတစ်ယောက်။Hoddie အဖြူရောင်ကို pant အမည်းနဲ့တွဲပြီးဝတ်ထားတဲ့အစ်ကိုကြီးကိုကြည့်ပြီး ထယ်ယောင်းတွေးမိတာက ဒီအစ်ကိုကြီးဝတ်ထားတာမိုက်လိုက်တာဟုသာ။"ထိုင်~ သားလည်းထိုင်နော်။ဟို...အဒေါ်ကြီးရေ ကော်ဖီဖျော်ပေးပါဦး!"
Mr.Kim လှမ်းအော်ပြောလိုက်တော့ အိမ်သန့်ရှင်းရေးလုပ်နေတဲ့မိန်းမကြီးက တစ်ခုခုသွားပြင်ဆင်ပေးသည်။ထယ်ယောင်းကတော့ အိမ်စာကိုသာရေးနေတော့ ထိုဧည့်သည်မိန်းမကြီးက ထယ်ယောင်းရဲ့ဆံပင်လေးတွေကိုလှမ်းဖွလိုက်သည်။
"စာလုပ်နေတာလားသားလေး~"
"ဟုတ်ကဲ့~"
"မာမီ...ကျွန်တော် ရေသောက်ချင်တယ်။"
ထယ်ယောင်း ထိုမိန်းမကြီးကိုပြန်ပြုံးပြကာစကားပြောနေတုန်း ဟိုအစ်ကိုကြီးကစကားဖြတ်ပြောလို့လာသည်။အဒေါ်ကြီးလာချပေးသွားတဲ့ကော်ဖီကိုမသောက်ဘဲ ရေသောက်ချင်တယ်ဟုပြောနေခြင်း။