နေ့လည်စာစားချိန်ရောက်တော့ ကိုကိုကသူ့ဘေးနားမှာထိုင်ပြီး ကိုကို့ဘေးနားမှာတော့ YoonJi ဆိုသောကောင်မလေးကထိုင်နေပြီးမေမေလေးကသူတို့မျက်နှာချင်းဆိုင်မှာထိုင်လို့နေသည်။ကိုကို့ပန်းကန်ထဲကို ဟင်းတွေထည့်ပေးနေသည့် ကောင်မလေးကြောင့် ထယ်ယောင်းသိမ်ငယ်သလိုဖြစ်လာသည်။
"ဂုဂီ အငယ်လေးကို ဟင်းထည့်ပေးလိုက်ဦးလေ။"
"ဟုတ်မာမီ။"
Mrs.Jeon ကဂျောင်ဂုကို ဟင်းတွေထည့်ခိုင်းတော့ YoonJi ထယ်ယောင်းကိုမျက်လုံးထောင့်ကပ်ကြည့်ကာ မျက်စောင်းထိုးမိသေးသည်။
"အကိုဂျောင်ဂု မနက်ဖြန် Yoon ကလာခေါ်မယ်နော်။အပြင်မှာမနက်စာစားကြရအောင်လေ။"
"YoonJi လေးကတော့လေ သွက်လက်နေရောပဲကွယ်။ကောင်းတယ် မိန်းကလေးဆိုတာ သွက်သွက်လက်လက်ကလေးဖြစ်နေမှ။နော်...ဟုတ်တယ်မလား ဂုဂီ"
Mrs.Jeon ရဲ့အပြောကိုYoonJi ကပြုံးပြနေပေမယ့် ဂျောင်ဂုကဂရုမစိုက်ဘဲ ထမင်းကိုသာစားလို့နေသည်။စကားကူပြောခိုင်းကာမှ မသိချင်ယောင်ဆောင်နေသော ဂျောင်ဂုကြောင့်မချိတင်ကဲပြုံးပြလိုက်သည်။
"အငယ်လေး ဗိုက်မဆာဘူးလား။"
ဂျောင်ဂုရဲ့အမေးကို ထယ်ယောင်းခေါင်းလေးငြိမ့်ပြကာရေခွက်ကလေးယူသောက်ရင်း...
"ဟုတ်ကိုကို သားဗိုက်သိပ်မဆာသေးလို့။ဟိုလေ ကျွန်တော်ခြံထဲကိုခဏလောက်သွားလို့ရမလားဟင်။"
သူများအိမ်ကိုရောက်နေပေမယ့် ထယ်ယောင်းဆက်ပြီးဘယ်လိုမှတင်းမခံနိုင်တော့လို့ တစ်ယောက်မှမရှိမယ့်နေရာလေးမှာတစ်ယောက်တည်းနေချင်သောကြောင့် ခွင့်တောင်းလိုက်ခြင်းဖြစ်သည်။
"ရတယ်ကလေး ဗိုက်ဆာရင်အန်တီ့ကိုပြောနော် အန်တီတစ်ခုခုလုပ်ခိုင်းလိုက်မယ်။"
YoonJi ရဲ့အမေက သဘောကောင်းစွာပြောနေတော့လည်း ထယ်ယောင်းလေးထောင့်ဆန်ဆန်အပြုံးလေးကိုပြုံးပြကာ လူကြီးတွေကိုနှုတ်ဆက်ပြီး တစ်ယောက်တည်းခြံထဲကိုဆင်းလာခဲ့လိုက်သည်။
"ဂျောင်ဂုရဲ့အမေရယ် ကလေးကနေမကောင်းဘူးလားမသိဘူး။အဲ့ကလေးစားချင်တာလေးရှိရင်ကျွန်မကိုပြောနော်။"