ကားဒရိုင်ဘာကြီးကို Mrs.Jeon မှာစရာရှိတာမှာပြီးညနေမှ နေဖို့နေရာကိုသွားရန်ပြောပြီး အခန်းထဲကိုဝင်သွားသည်။ဧည့်ခန်းထဲမှာကျန်ခဲ့တဲ့ ဂျီမင်းနဲ့ဟိုဆော့ကတော့ coffee လေးသောက်ရင်းကုတ်ကုတ်ကလေးထိုင်ရင်းစကားပြောနေကြရသည်။
"မရဘူး ငါအကိုဆော့ဂျင်ကိုသေချာဖုန်းဆက်မှရတော့မယ်။"
"ဂျီမင်းကလည်းကွာ...အရေးတကြီးကိစ္စမဟုတ်ရင်ထားလိုက်ပါ။သပ်သပ်နေဖို့စီစဥ်ပေးတော့ ကိုယ်တို့အတွက်ပိုကောင်းတာပေါ့..."
ဟိုဆော့ကသူ့အတွေးနဲ့သူပြုံးနေပေမယ့် ဂျီမင်းကတော့...
"မရဘူးလေ သူကငါတို့ကိုဒီအိမ်မှာမနေစေချင်လို့ငါတို့ကိုသပ်သပ်စီစဥ်ပေးထားတဲ့ဟာကို~"
"မင်းကတော့လေ တစ်ကယ်မလွယ်ဘူး..."
"သိရင်ပြီးတာပဲ။"
ဂျီမင်းနဲ့ဟိုဆော့စကားပြောနေတုန်း Mrs.Jeon ကအခန်းပြင်ပြန်ထွက်လာပြီး ဧည့်ခန်းထဲတွင်လာထိုင်ကာ ချည်ထိုင်ထိုးနေပြီး စကားတစ်ခွန်းမှမဟ။
အိမ်ပေါက်ဝကနေ တစ်ယောက်ယောက်ဝင်လာတာကြောင့် ဂျီမင်းနဲ့ဟိုဆော့ကြည့်လိုက်တော့"ဂုဂီ ပြန်လာပြီလား။လာထိုင်ပါဦး မာမီမင်းကိုပြောစရာရှိလို့။"
"အာ...ဧည့်သည်တွေရောက်နေတာပဲ။"
သင်တန်းကပြန်လာခါစ အိတ်လေးကိုဘေးနားချပြီးသူ့အရှေ့ကကောင်လေးနှစ်ယောက်ကိုဂျောင်ဂုပြုံးပြလိုက်သည်။နှစ်ယောက်ထဲက တစ်ယောက်ကသူ့ကိုစူးစမ်းသလိုကြည့်နေတာကြောင့် ဂျောင်ဂုမျက်ခုံးပင့်မိသေးသည်။
"YoonJi လေးဒီနေ့မင်းနဲ့သင်တန်းကိုမလိုက်ဘဲ တစ်ယောက်တည်းသွားတယ်ဆို။မာမီပြောထားတယ်လေ YoonJi လေးနဲ့သင့်သင့်မြတ်မြတ်နေပါဆိုတာကို။မင်းအရင်ကအဲ့လိုမဟုတ်ပါဘူး ဂျွန်ဂျောင်ဂု။ကလေးမလေးက မင်းကိုခင်တွယ်နေတာဟာကို မာမီမျက်နှာမပျက်ချင်ဘူး။"
"ဟူး...သူ့ဘာသာသူကျွန်တော်နဲ့မလိုက်ဘဲသွားတာကို ကျွန်တော်ကဘာလုပ်နေလို့လဲ။"
"မင်းဘာကြောင့် အခုလိုဖြစ်သွားလဲဆိုတာ မာမီမသိဘူးများထင်နေတာလား။မင်းကိုရှေ့ဆက်မတိုးဖို့ မာမီမှာထားပြီးသားနော် ဂျွန်ဂျောင်ဂု။"