ည 7 နာရီကျော်သည်အထိပြန်မလာသေးတဲ့ ဂျောင်ဂုကြောင့် Mrs.Jeon တစ်ယောက်ဖုန်းတွေဆက်နေပြီဖြစ်သည်။ထယ်ယောင်းကတော့ ဘေးနားမှာထိုင်နေပြီး Mrs.Jeon လုပ်သမျှကိုထိုင်ကြည့်နေသည်။
"အဲ့ကောင်လေးကလေ အမေကစောစောပြန်လာခဲ့ဆိုတာကို ပြောစကားကိုနားမထောင်ဘူး။အသက်ကလေးနည်းနည်းကြီးလာပြီဆိုတာနဲ့ ပြောစကားဆိုစကားနားမထောင်ဖြစ်လာပြီ။"
"ကိုကိုကဘယ်သွားတာလဲ မေမေလေး။"
"မေမေလေးကိုပြောသွားတာတော့ သူ့သူငယ်ချင်းမွေးနေ့သွားတာတဲ့။7နာရီကျော်နေပြီ အပြင်မှာမှောင်နေပြီလေ။ပြီးတော့ soju နည်းနည်းသောက်လာမယ်ဆိုတော့ သဝေထိုးနေမှာ မေမေလေးကစိုးတာ...။"
"ကိုကိုကလူကြီးဖြစ်နေပါပြီမေမေလေးရဲ့။"
"အဲ့လူကြီးဖြစ်နေလို့ မေမေလေးက စိတ်မချတာ အငယ်လေးရဲ့။"
မကြာပါ ကားဒရိုင်ဘာဦးလေးကြီးကိုတွဲပြီးဝင်လာသော ကိုကို။ယိမ်းထိုးနေသောခြေလှမ်းတွေကြောင့် ကိုကိုအရမ်းမူးလာမှန်းသူသိလိုက်သည်။သူနဲ့စကားအခြေအတင်ဖြစ်သွားပြီး အပြင်ကိုအကြောင်းရှာပြီးထွက်သွားတဲ့ကိုကိုက မူးရူးအောင်သောက်လို့လာသည်။
အသက်ပြည့်ပြီးခါစကို အရက်တွေအလွန်အကျွံသောက်တာမကောင်းမှန်းသိရဲ့သားနဲ့ ကိုကိုကအရမ်းဆိုးပါသည်။"ကြည့်စမ်း အမေကအများသောက်မလာဖို့မှာလိုက်တာကို ပြောစကားနားမထောင်ဘဲလုပ်ချင်တာကို ဒင်းကလုပ်ချလာတာ။"
သူရော မေမေလေးရော ကိုကို့အနားကိုသွားကာကူထိန်းပေးလိုက်တော့ သူတို့လက်တွေကိုပုတ်ထုတ်လိုက်သည့်ကိုကို။
"ဟဲ့ကောင်လေး!...အမလေးနော်~ ငါမပြောလိုက်ချင်ဘူး ဂျွန်ဂျောင်ဂု!!"
"အာ...နား ငြီး လိုက် တာ..."
"အာရီဂူး...အမေကိုများနားငြီးလိုက်တာတဲ့။"
ကားဒရိုင်ဘာဦးလေးကြီးကအသက်အရွယ်ရနေပြီမို့ ထယ်ယောင်းဘေးနားကဝင်ထိန်းပေးလိုက်သည်။ဂျောင်ဂုကတော့ မျက်လုံးတောင်မဖွင့်နိုင်အောင်ဖြစ်နေသည်။Mrs.Jeon ကတော့ဂျောင်ဂုရဲ့လက်မောင်းကိုထုလိုက်ရိုက်လိုက်ဖြင့်အပေါ်ထပ်ကိုလိုက်ပို့သည်။
ဂျောင်ဂုကိုအိပ်ယာပေါ်တင်ပေးလိုက်ပြီး ဒရိုင်ဘာဦးလေးကြီးကပြန်ထွက်သွားတာကြောင့် ထယ်ယောင်းနဲ့Mrs.Jeon သာကျန်ခဲ့သည်။Mrs.Jeon ကဂျောင်ဂုရဲ့ခြေအိတ်တွေကိုချွတ်ပေးပြီး ထယ်ယောင်းကဂျောင်ဂုရဲ့အပေါ်အင်္ကျီကိုချွတ်ပေးရန်ပြင်တော့...