ထယ်ယောင်းကျောင်းတက်နေစဥ်အတောအတွင်း ဂျီမင်းတို့နဲ့ကလည်းပိုပြီးရင်းနှီးလာခဲ့ပြီး ဦးနဲ့လည်းအများကြီးသိကျွမ်းခဲ့ရသည်။ကိုကိုနဲ့ကတော့ တစ်ခါတစ်လေတွေ့မိရုံလေးပင်။မေမေလေးကတော့ သူ့ကိုစကားပင်မပြောတော့ပေ။မပြောလည်း နေနိုင်နေပြီမို့ သူတို့သုံးယောက်စလုံးရှိတဲ့တစ်ချို့နေ့တွေဆို အိမ်ကလုံးဝတိတ်ဆိတ်နေသည်။
အိမ်မှာ ထမင်း၊ဟင်းချက်ပေးမယ့် လူတွေကမရှိတော့ ကိုယ့်ဘာသာကိုယ်အဆင်ပြေသလိုစားသောက်ရတာကြောင့် သိပ်တော့အဆင်မပြေလှပါ။"အိမ်မှာ ထယ်ယောင်းပါရှိတုန်းတစ်ခါတည်းပြောရဦးမယ်။ဒီလကုန်ရင် ဂျွန်ဂျောင်ဂု မင်း YoonJi လေးနဲ့စေ့စပ်ဖို့ရှိတယ်နော်။အနေအထိုင် ဆင်ခြင်ဖို့ပြောချင်တယ်။ပြီးတော့ ထယ်ယောင်းအတွက်ကျောင်းအဆောင်စီစဥ်ပေးထားတယ်။"
"ကျောင်းအဆောင်?"
ထယ်ယောင်းပြန်မေးလိုက်တော့ Mrs.Jeon အေးတိအေးစက်ဖြင့်ပြန်ဖြေကာ...
"ဟုတ်တယ်လေ နှစ်ယောက်သားပြန်ပတ်သက်နေမှာစိုးလို့။ပြီးတော့ အငယ်လေးလည်းအပြင်လောကနဲ့အဆက်အသွယ်ရတာပေါ့ မဟုတ်ဘူးလား။"
"မာမီ!!"
ဂျောင်ဂု သူ့မာမီကိုသူမယုံနိုင်စွာအသံကျယ်နဲ့ပြောမိတော့သည်။မာမီ့လုပ်ရပ်တွေက အငယ်လေးအပေါ်ကိုအရမ်းအားနာဖို့ကောင်းနေပြီမဟုတ်လား။
"ဟင်း...ပြောလေ မင်းထပ်ပြောနေမယ်ဆိုရင် ဘာဖြစ်မလဲဆိုတာသိတယ်မလား။ဂျွန်ဂျောင်ဂု မင်းကမာမီကမွေးလို့လူဖြစ်လာတာကို မာမီ့ထက်ပိုသိပိုတတ်လုပ်ချင်နေတာလား။"
Japan ရောက်တုန်းက ထယ်ယောင်းအကိုဝမ်းကွဲ အကိုဆော့ဂျင်ရှေ့မှာတော့ စကားကိုရွှန်းရွှန်းဝေဆာအောင်ပြောပြီး Seoul ကိုပြန်ရောက်တော့ ချက်ချင်းပြောင်းလဲသွားသည်။ငြင်းတာနဲ့ ချက်ချင်းဖြစ်သွားနိုင်သည့် မင်္ဂလာပွဲကြောင့် သူအသာငြိမ်နေလိုက်ရသည်။
တစ်ကယ်တော့ သူယတိပြတ်ငြင်းထားတာကြောင့် မာမီထိုမင်္ဂလာပွဲကိုထပ်ပြီးမစီစဥ်တော့တာကိုတော့ အငယ်လေးကိုအသိမပေးခိုင်းထားပါ။