အိမ်ထဲကိုပြန်မလိုက်တော့ဘဲ ကားထဲတွင်သွားထိုင်နေတာကြောင့်ဂျောင်ဂုလှမ်းကြည့်နေမိသည်။အငယ်လေးကအများကြီးသူ့အပေါ်ကိုစိမ်းကားသွားတာပဲ။
ဟူး...မာမီကလည်း ဘာတွေစီစဥ်နေမှန်းကိုမသိပါ။"အကိုဂျောင်ဂုရဲ့ရည်းစားဆိုတာက ကင်မ်ထယ်ယောင်းကိုပြောတာလား။"
ဘေးနားကိုဆွေ့ခနဲရောက်လာပြီး ထိုင်လိုက်တာကြောင့် ဂျောင်ဂုအနည်းငယ်လန့်သွားရသည်။
"Yoon အကုန်လုံးကိုကြားပြီးသွားပါပြီနော်။ဒါနဲ့ အကိုဂျောင်ဂုက သူ့ကိုတစ်ကယ်ချစ်တာလား။သူက ငယ်သေးတာကို အကိုဂျောင်ဂုရဲ့အမေကလည်း သဘောတူပါ့မလား။ပြီးတော့ လိင်တူချစ်ကြိုက်တာကကိစ္စမဟုတ်ပေမယ့်လည်း...အကိုဂျောင်ဂုသိတဲ့အတိုင်း..."
"YoonJi လေးသိသွားပြီဆိုတော့လည်း ထားပါတော့။အခုလူကြီးတွေစီစဥ်နေကြတဲ့ အကိုတို့ကိစ္စကိုအကိုသဘောမတူချင်ဘူး။YoonJi လေးလည်းငယ်သေးတာပဲ ဒါတွေကိုစိတ်ထဲထည့်မနေဘဲ ကျောင်းစာကိုသာအာရုံစိုက်စေချင်တယ်။"
"အကိုက ကင်မ်ထယ်ယောင်းကိုတစ်ကယ်ချစ်တာလား..."
"အကို သူ့ကိုချစ်တာ၊မချစ်တာက အကို့ကိစ္စပါ။ဒါပေမယ့် အကိုပြောနိုင်တာကတော့ YoonJi လေးကိုအကိုညီမလေးတစ်ယောက်လိုပဲ။အဲ့ထက်တော့ ပိုနိုင်မယ်မထင်ဘူး။အကို့အမေအတင်းအကြပ်စီစဥ်ခဲ့ရင်တောင် အကိုငြင်းနေရဦးမှာဘဲ။"
"ဟင့်...Yoon နားလည်ပါတယ်။"
သူ့ဘေးနားကနေပြေးထွက်သွားသည့် YoonJi ကြောင့် ဂျောင်ဂုစိတ်ပျက်မိသည်။ဒီနေ့မှ အကုန်လုံးက သူ့အတွက်ပြဿဒါးဖြစ်နေသလိုမျိုး။ထားပါလေ သူကပဲရင့်ကျတ်ဖို့ကြိုးစားရတော့မှာပေါ့။ပြီးတော့ အငယ်လေးကိုလည်း ချစ်ပေးဖို့သူကြိုးစားကြည့်ရမယ်။
ကားနောက်ခန်းမှာ တိတ်တိတ်ကလေးဝင်ထိုင်ပြီး ကားတံခါးကိုမှီထားကာ တစ်နေရာတည်းကိုစိုက်ကြည့်နေပေမယ့် ထယ်ယောင်း သူ့ရဲ့စိတ်ထဲမှာတော့အတွေးမျိုးစုံဖြင့် ရှုပ်ယှက်ခတ်လို့နေသည်။
"ဦးလေးကြီး သားကိုဘုရားကျောင်းလိုက်ပို့ပေးလို့ရမလား။"