ညနေဘက်ရောက်တော့ ထယ်ယောင်းအောက်ထပ်ကအခန်းကိုရွေ့လိုက်ရသည်။မေမေလေးက သူ့ကိုစကားမပြောပေမယ့် အန်တီကြီးကသူ့ကိုဝိုင်းကူပေးတာကြောင့် ပစ္စည်းတွေရွေ့ပြောင်းပြီးသွားပြီဖြစ်သည်။
"ထယ်ယောင်းလေးရယ် ဘာလို့အခန်းပြောင်းပေးရတာတုန်း။တစ်ကယ်ဆို ထယ်ယောင်းလေးကပြောင်းပေးစရာမှမလိုတာ။"
"အာ...ထားလိုက်ပါအန်တီကြီးရဲ့သားဘာမှမဖြစ်ပါဘူး။ပြီးတော့ သားကအငယ်ပဲလေ မေမေလေးကကောင်းစေချင်လို့စီစဥ်တာပဲ သားဘာမှမဖြစ်ဘူး။"
"ဟုတ်ပါပြီ ထယ်ယောင်းလေးအဆင်ပြေရင်ပြီးတာပဲ။အန်တီကြီး ကြမ်းတိုက်ရဦးမှာမို့လို့ ကျန်တဲ့အထုတ်တွေကို ဗီဒိုထဲသေချာထည့်နော်~ အို...ထယ်ယောင်းလေးမလုပ်ပါနဲ့တော့...အန်တီကြီးပြီးမှ လာလုပ်ပေးမယ်။အခုတော့ နားနားနေနေ နေလိုက်ဦးနော်...။"
အန်တီကြီးထွက်သွားတော့ သူလည်းအဝတ်တွေကိုသေချာဗီဒိုထဲထည့်ရင်း အခန်းထဲကိုတစ်ချက်ဝေ့ကြည့်လိုက်သည်။အပေါ်ထပ်ကသူ့အခန်းနဲ့ယှဥ်ရင် ကျဥ်းလွန်းတယ်လို့ခံစားရသည်။အရင်တုန်းကဒီအခန်းက သူတို့အိမ်မှာမလိုအပ်တဲ့ပစ္စည်းတွေကိုစုပြီးထားတဲ့နေရာမဟုတ်လား။
"ဟင်း~ စိတ်ရှုပ်လိုက်တာနော်။ ကိုကို့ကြောင့် အခန်းပြောင်းရတာ..."
#ဒေါက် ဒေါက် ဒေါက်
အခန်းတံခါးခေါက်သံကြောင့် ထယ်ယောင်းအမြန်ထဖွင့်ပေးလိုက်တော့ Mrs.Jeon ဖြစ်နေသည်။လက်ထဲမှာ အအေးခွက်လေးကိုင်ထားပြီး ရပ်နေသည်။
"မေမေလေး~"
"အထဲမှာပစ္စည်းတွေနေရာချထားပြီးပြီလား အငယ်လေး..."
မနေ့ညကလေသံနဲ့မတူဘဲ အရင်လိုအငယ်လေးဆိုပြီးပြန်ခေါ်နေသောမေမေလေးကြောင့် သူအနည်းငယ်ပြုံးမိလိုက်သည်။တော်သေးတာပေါ့...မေမေလေးစိတ်ဆိုးပြေသွားလို့။
"ဟုတ် သားနေရာချနေတုန်းပဲမေမေလေး...။"
"ဒီလိုမျိုးအခန်းပြောင်းခိုင်းလိုက်ရလို့ မေမေလေးက အငယ်လေးကိုတောင်းပန်ပါတယ်ကွယ်။မဖြစ်သင့်တာမဖြစ်ရအောင် မေမေလေးစီစဥ်လိုက်ရုံပါ။အငယ်လေးရဲ့ကိုကိုက တဖြည်းဖြည်းနဲ့အရွယ်ရောက်လာပြီဆိုတော့ ကျော်မကောင်းကြားမကောင်းတွေဖြစ်ကုန်တဲ့အခါ အားလုံးအရှက်ရစရာတွေဖြစ်ကုန်မှာလေ။ပြီးတော့ မနေ့ကဂျောင်ဂုရဲ့အပြုအမူတွေကြောင့် မေမေလေးကအငယ်လေးကိုတောင်းပန်ပါတယ်နော်။"