"ဟေ့ ကောင်လေး ဒါမင်းအမေမဟုတ်လား။အဲ့တော့...တစ်ခါတည်းအဝကြည့်ထားကွာ။"
အားပြင်းလှတဲ့နောက်ထပ်ရိုက်ချက်က Mrs.Jeon ရဲ့မျက်နှာပေါ်ဖျတ်ပြေးသွားတဲ့အခါ ဂျောင်ဂုအတင်းရုန်းကန်နေတာကြောင့် ဖမ်းချုပ်ထားတဲ့လူသုံးယောက်ကအားသုံးကာ ပုခုံးကနေဖိချထားသည်။
"မာမီ!!"
ထယ်ယောင်းလည်း ဂျောင်ဂုနည်းတူဖမ်းချုပ်ခံထားရတာကြောင့် အရိုက်ခံနေရသော Mrs.Jeon ကိုကြည့်ကာမျက်ရည်တွေကျနေသည်။
"မေမေလေးကိုလွှတ်ပေးပါ! ဟင့် တောင်းပန်ပါတယ်။"
ရုန်းရင်းဆန်ခတ်ဖြစ်နေသောအခြေအနေတွေကို ဘေးနားပတ်ဝန်းကျင်လည်းသတိမထားကြ။ရုန်းနေသောထယ်ယောင်းလည်း ဘေးနားကချုပ်ထားတဲ့လူရဲ့လက်ကိုကိုက်လိုက်တော့ ထိုလူကထယ်ယောင်းအား ပါးရိုက်ချလိုက်သည်။
"အား!"
ထယ်ယောင်းလည်းနာကျင်သွားကာ ထိုင်ကျသွားသည့်အတိုင်းပုံ့ပုံ့လေးပြန်မထနိုင်ဖြစ်ရသည်။ထယ်ယောင်းရဲ့အသံကိုတစ်စွန်းတစ်စကြားလိုက်ရသည့်ဂျောင်ဂုက လှည့်ကြည့်လိုက်တော့...
"အငယ်လေး! ဟေ့လူတွေ သူ့ကိုတော့ဘာမှမလုပ်ကြပါနဲ့ဗျာ။ကျွန်တော်တောင်းပန်တာပါ။ခင်ဗျားတို့လိုချင်တဲ့ပိုက်ဆံတွေကို ကျွန်တော်ပေးပါ့မယ်။ကျေးဇူးပြု၍...မာမီနဲ့အငယ်လေးကိုလွှတ်ပေးကြပါဗျာ...။"
ဂျောင်ဂုအသနားခံကာပြောနေပေမယ့် ထိုလူတွေကတော့ ဂရုမစိုက်သည့်အလား။
"မင်းအမေတောင် ငါ့ကိုဆပ်စရာပိုက်ဆံမရှိတာ။မင်းက ဘယ်လိုဆပ်မှာတုန်း။ဘာလဲ မင်းတို့ကိုယ်တွင်းကလီစာတွေရောင်းစားပြီးတော့လား ဟမ်။ဟက်! ဒီမှာကောင်လေး ငါဒါမျိုးတွေစိတ်မဝင်စားဘူး။ငါအကြွေးမဆပ်နိုင်ဘူးဆိုရင် နောက်ဘယ်တော့မှအကြွေးမချေးနိုင်အောင် ငါကသင်ခန်းစာပေးတတ်တယ်ကွ။အဲ့တော့ မင်းအမေသွားရမယ့်လမ်းကတစ်လမ်းပဲရှိတယ်။"
ဂျောင်ဂုတုန်လှုပ်သွားရသည်။
ထိုလူထုတ်လိုက်တဲ့ အသွားတွေပါတဲ့ဓားတစ်လက်ကြောင့် ထယ်ယောင်းရော၊ဂျောင်ဂုပါ တောင်းပန်ပေမယ့် မရခဲ့။