Mrs.Jeon အိမ်ပြန်ရောက်တော့ခြံရှေ့မှာထိုင်နေသော Japan ကကျောင်းလာတက်တယ်ဆိုတဲ့ကောင်လေးနှစ်ယောက်ကိုတွေ့တာကြောင့် သူမဆင်းကာမေးရတော့သည်။စိတ်ရှုပ်လာရတဲ့ကြားထဲ။
"မင်းတို့တွေပြန်ကြတော့မလို့လား။"
"ကျွန်တော်တို့ ညနေကတည်းကရောက်နေတာအိမ်တံခါးကြီးကပွင့်နေပြီးတော့ အိမ်ထဲမှာတော့တစ်ယောက်မှမရှိဘူးထင်တယ်။Bell တီးတာကိုလည်းတစ်ယောက်မှလာမဖွင့်ပေးလို့လေ။"
"အငယ်လေးအိမ်ထဲမှာရှိတယ်လေ။ဖယ်! အန်တီဖွင့်ပေးမယ်။"
Mrs.Jeon ခေါ်ရာနောက်ကိုဟိုဆော့နဲ့ဂျီမင်းလိုက်လာခဲ့သည်။အိမ်ရှေ့ခန်းထဲမှာ TV ဖွင့်လျှက်သားနှင့် ဖရဲသီးပန်းကန်လေးသာရှိသည်။ကိုယ့်အိမ်ကိုယ့်ယာလိုဖြစ်နေတဲ့ ဂျီမင်းကဇိုးဇိုးဇက်ဇက်ဖြင့် ထယ်ယောင်းရဲ့အခန်းကိုတံခါးသွားခေါက်တော့လည်း အကြောင်းထူးမလာပါ။
"ဟိုဆော့ ထယ်ယောင်းမရှိဘူး။ဘယ်သွားနေတာလဲမသိဘူး!"
Mrs.Jeon ထမင်းစားခန်းထဲကနေ ရေသောက်ကာထွက်လာပြီး ဂျီမင်းဆိုသောကောင်လေးပြောသောစကားကြောင့် သူမရဲ့သားဂျွန်ဂျောင်ဂုလက်ချက်ပဲဆိုတာတန်းပြီးသိလိုက်သည်။
"သူ့အကိုနဲ့အပြင်သွားတာနေမှာပေါ့ကွယ်။မင်းတို့စောင့်ကြဦးမယ်မလား အန်တီခဏလောက်နားဦးမယ်။"
Mrs.Jeon ရဲ့အပြောကိုဂျီမင်းမျက်မှောင်ကြုတ်ကာကြည့်နေတော့ ဟိုဆော့ကမျက်လုံးကိုလက်နဲ့ကာပြီး စ,လိုက်သည်။
"နေစမ်းပါကွာ~ ထယ်ယောင်းဂီပြောတာကကျတော့ အကိုဂျောင်ဂုနဲ့သူက စကားတောင်မပြောကြဘူးတဲ့။အခုအကိုဂျောင်ဂုအမေပြောတာကျတော့ အတူတူသွားတာတဲ့။မဖြစ်နိုင်တာ..."
"ဂျီမင်းကလည်းကွာ...မသိရင် ထယ်ယောင်းရဲ့အဖေကျနေတာပဲ။"
"Yahh ဂျောင်ဟိုဆော့!!"
ဧည့်ခန်းထဲမှာ ထယ်ယောင်းပြန်အလာကိုစောင့်ရင်းအချင်းများနေကြသည့် ဂျီမင်းနဲ့ဟိုဆော့။ညမိုးချုပ်လို့ အချိန်နောက်ကျတာတောင် ထယ်ယောင်းရောဂျောင်ဂုရော အရိပ်အယောင်ပင်မတွေ့သေးပါ။