chapter-10

3.1K 197 29
                                    

⚠ Waning : ️Adult sences are included! ⚠️
.
.
.
.
.
ညနေဘက် မေမေလေးအခန်းထဲကိုသွားပြီး ထယ်ယောင်းစာချုပ်စာတမ်းတွေသွားအပ်ရန်ထွက်လာခဲ့သည်။တံခါးကို နှစ်ချက်လောက်ဆင့်ခေါက်လိုက်တော့ မေမေလေးကတံခါးလာဖွင့်ပေးသည်။

"အငယ်လေး မေမေလေးဆီလာတာလား။လာ အထဲဝင်လေ။"

"မေမေလေး မအိပ်သေးဘူးမလား။သား မေမေလေးကိုသိမ်းခိုင်းထားစရာလေးရှိလို့။"

Mrs.Jeon ကတော့ထယ်ယောင်းလက်ထဲက စာချုပ်စာတမ်းတွေကိုကြည့်ပြီးသဘောကျသွားရသည်။ဒီစာချုပ်စာတမ်းတွေကိုသူ့ဆီလာအပ်တယ်ဆိုကတည်းက ဒီကောင်လေးဟာ အရမ်းတုံး,အ မှန်းသူမ သိလိုက်သည်။

"အို...မေမေလေးမအိပ်သေးပါဘူးရှင်။အငယ်လေးက မေမေလေးကိုတွေများသိမ်းခိုင်းထားမလို့တုန်း။"

ထယ်ယောင်းရင်ဘတ်ကနေပိုက်လာတဲ့ စာချုပ်လေးတွေကို Mrs.Jeon ကိုပေးလိုက်ပြီး သွားတန်းလေးတွေပေါ်သည်အထိရယ်ပြလိုက်သည်။

"ဒီဟာလေးတွေသိမ်းခိုင်းထားမလို့ပါမေမေလေးရဲ့။မေမေလေးက အိမ်မှာလူကြီး မဟုတ်လား။ပြီးတော့ ဒီဟာတွေကိုသားသိမ်းထားရင် ပျောက်သွားမှာစိုးလို့မေမေလေးကို လာသိမ်းခိုင်းထားတာ။မေမေလေးက သိမ်းပေးထားမယ်မလား။"

"အာရီဂူး~ အငယ်လေးရယ် မေမေလေးသိမ်းပေးထားမှာပေါ့။အငယ်လေးဘာသာ ဘာလို့မသိမ်းထားတာလဲ။တော်ကြာ ဆော့ဂျင်သိသွားရင် မေမေလေးကိုတစ်မျိုးမြင်နေပါဦးမယ်ရှင်။"

"မဟုတ်တာ အစ်ကိုဆော့ဂျင်ကအဲ့လိုလူမျိုးမဟုတ်ပါဘူး မေမေလေးရဲ့။ပြီးတော့ သားဘယ်သူ့ကိုမှမပြောဘူးလေ။သားက မေမေလေးကို ယုံကြည်လို့အပ်ထားတာကို...ရပါတယ် မေမေလေးမသိမ်းပေးထားချင်လည်း သား ကိုယ့်ဘာသာကိုယ်သိမ်းထားလိုက်ပါ့မယ်။"

တစ်ကယ်တော့ Mrs.Jeon ကသူ့စကားလမ်းကြောင်းထဲဝင်လာအောင် တမင်တကာပြောလိုက်ခြင်းဖြစ်သည်။ထယ်ယောင်းက သူမစကားကိုနားထောင်ပြီးသားမျိုးဖြစ်အောင် သူမငယ်ငယ်ကတည်းက အယုံသွင်းထားခြင်းဖြစ်သည်။

"မေမေလေးက မသိမ်းပေးထားချင်လို့မဟုတ်ရပါဘူးရှင်။ဒါဆို အငယ်လေးရဲ့သဘောအတိုင်း မေမေလေးသိမ်းပေးထားပါ့မယ်ကွယ်။အငယ်လေး အရွယ်ရောက်လာတဲ့အခါ ကိုယ့်ဘာသာကိုယ်ထိန်းသိမ်းစောင့်ရှောက်ပေါ့။"

Back To Me [completed]Where stories live. Discover now