ဒီမနက်တော့ အငယ်လေးကကျောင်းသွားဖို့ပြင်ဆင်ပြီးသွားပြီဖြစ်သည်။သူနိုးလာတော့ မနက်စာစားနေတဲ့အငယ်လေးကိုသူကြည့်နေတော့ တစ်ချက်မော့ကြည့်ပြီး မနက်စာကိုသာပြန်ပြီးအာရုံစိုက်ကာစားနေသည်။ချစ်စရာလေးပါ။
"အငယ်လေး နေကောင်းသွားပြီလား။"
"......."
သူပြောတာကိုမကြားသလို လုပ်နေတဲ့ထယ်ယောင်းကြောင့် ဂျောင်ဂုသက်ပြင်းချလိုက်သည်။သူ့အကျင့်အတိုင်း ပါးစောင်ကိုလျှာဖြင့်ထိုးကာ မနက်စာမစားဘဲ ထယ်ယောင်းကိုထိုင်ကြည့်နေလိုက်သည်။
လက်ကလေးတွေတုန်ယင်နေတာကို ဂျောင်ဂုတွေ့လိုက်ရသည်။မနက်စာစားပြီးတာနဲ့ချက်ချင်းကိုထသွားပြီး ကျောင်းသွားရန်ပြင်နေတာကြောင့် ဂျောင်ဂုနည်းနည်းတော့ဒေါသထွက်သွားရသည်။"ကင်မ်ထယ်ယောင်း!"
ဂျောင်ဂုအသံကျယ်ကျယ်နဲ့ခေါ်လိုက်တော့ အန်တီကြီးတောင်လန့်သွားရသည်။အဲ့ကောင်လေးကတော့ ခပ်သွက်သွက်လေးလျှောက်သွားသည်။
ကျစ်! ဒါသူ့ကိုအရေးမစိုက်တဲ့သဘော။"ကိုကိုခေါ်နေတယ်နော် အငယ်လေး!"
ကားပေါ်ကိုတက်သွားပြီး ထိုင်နေတာကြောင့် ဂျောင်ဂုခပ်မြန်မြန်ပင် ကားနားရောက်အောင်လျှောက်သွားတော့ သူလေးကကားရှေ့ခန်းမှာထိုင်နေတာဖြစ်သည်။ဒါဘာသဘောလဲ။အရင်ကဆို ကားနောက်ခန်းမှာသူနဲ့အတူတူထိုင်ပြီး စကားတွေပြောကာထိုင်တတ်တဲ့အငယ်လေးက အခုကျတော့ တစ်မျိုးပြောင်းနေပြီ။
"ကားနောက်ခန်းကိုလာ!"
"......"
"ကျစ်! ကိုကိုဒေါသထွက်လာပြီ အငယ်လေးရာ~"
ကားရှေ့ခန်းတံခါးကိုဆွဲဖွင့်ပြီးပြောတော့ ပေကပ်ကပ်နဲ့ထိုင်နေသေးသည်။စိတ်ရှိလက်ရှိ ဆောင့်ဆက်ဆွဲပြီးလုပ်ပစ်လိုက်ချင်ပေမယ့် ဘေးနားမှာကားဒရိုင်ဘာဦးလေးကြီးရှိနေတာကြောင့် စိတ်ထိန်းနေရသည်။
"သားအရှေ့မှာဘဲထိုင်မှာ။"
"အင်း! ပြီးရောလေ ကျောင်းကပြန်ရောက်လာရင် မနေ့ကကိစ္စကိုဆက်ပြီးရှင်းကြတာပေါ့။အငယ်လေး မင်းကလေ ကိုကိုဒီလောက် ချော့နေတာကို ကောက်လို့မပြီးတော့ဘူး။"