အချိန်နှစ်ပတ်ဆိုတာ အသက်ရူနေရင်းနဲ့ကိုကုန်သွားမှာဆိုတော့ သူမ အတော့်ကိုစဥ်းစားနေရပြီဖြစ်သည်။လောလောဆယ်ငွေတွေမပေးနိုင်ရင်သူမ ထောင်ထဲကိုဝင်ရတော့မှာမို့ စိတ်ရှုပ်ရသည်။
"သားတစ်ယောက်မွေးထားလို့သာ ငါ့မှာဘာကိုမှအားကိုးမရဘူး။ဒီကြားထဲ ကင်မ်ထယ်ယောင်းနဲ့က ပတ်သက်ပြီးမဖြစ်သင့်တာတွေကဖြစ်ကြသေးတယ်။ဪ...ငါ့ဘဝကလည်း တစ်ကယ်ပါပဲ ကူညီမယ့်သူကအဆင်သင့်ရှိတာတောင် အခွင့်မသာတဲ့အဖြစ်ရယ်။စိတ်ညစ်ပါတယ်"
Mrs.Jeon တစ်ယောက်လက်ထဲကစာချုပ်တွေကိုကိုင်ထားရင်း အတွေးဗျာများနေရသည်။
ဟိုကောင်လေးကလည်း ဒါဆလးလက်မှတ်ထိုးပေးရမှာကိုဖြစ်ပျက်နေလိုက်တာ။တစ်ကယ်ပါပဲ။~~~~~
မနက်မိုးလင်းတာနဲ့ကျောင်းသွားဖို့ပြင်ဆင်ပြီးတဲ့ ထယ်ယောင်းကဂျီမင်းတို့နဲ့ချိန်းထားတဲ့နေရာလေးကိုထွက်လာခဲ့သည်။ကိုကိုနဲ့အတူတူကျောင်းတက်ခဲ့ရတုန်းကဆို နှစ်ယောက်သားကားပေါ်မှာအတူတူရယ်ကာမောကာဖြင့် ပျော်စရာကောင်းခဲ့ရပါသည်။
အရောင်တွေပြောင်းလဲခဲ့တဲ့ သံယောဇဥ်တွေကြောင့် အခြေအနေတွေကလည်းမနေ့ကနဲ့မတူတော့ပါ။သူ ကိုကို့ကိုချစ်ခဲ့တယ်။သိခဲ့ရတဲ့အမှန်တရားက ကိုကိုကသူ့ကိုချစ်တယ်လို့တောင်မပြောနိုင်ခဲ့ဘူးလေ။တစ်ကယ်ပဲ အထိအတွေ့ကြောင့်သူ့ကိုပတ်သက်ခဲ့တာလား။ရက်စက်လိုက်တာကိုကိုရယ်။ခုံတန်းလေးမှာထိုင်ရင်း ခေါင်းလေးငုံ့ကာစိတ်မကောင်းဖြစ်နေတုန်း...
"ကင်မ်ထယ်ယောင်း~"
သူ့နာမည်ကိုခေါ်သံကြားတာကြောင့် မော့ကြည့်လိုက်တော့ မနေ့ကတွေ့တဲ့လူကြီးဖြစ်နေသည်။သူလည်း ရယ်ပြာကာဘေးနားလေးကပ်ပေးရင်း ထိုင်ရန်ပြောတော့ သူ့နားကိုကပ်ထိုင်သည်။
"မင်းရဲ့သူငယ်ချင်းတွေရော..."
"သူတို့ကိုကျွန်တော်စောင့်နေတာပါ။ဦးလေးကရော..."
"ဦးလောက်တော့လုပ်ပါကွာ...ဦးလေးဆိုတာကြီးက နည်းနည်းနားကြားရတာအဆင်မပြေဘူး။"
ထယ်ယောင်း ယွန်းဂီပြောသောစကားကိုခေါင်းငြိမ့်ထောက်ခံကာ...