"ဘာ...ဘာပြောမလို့လဲ။ဟင့်...အဲ့လိုကြီး သားကိုမကြည့်ပါနဲ့ သားမနေတတ်ဘူး~"
ဂျောင်ဂု ထယ်ယောင်းရဲ့မေးဖျားလေးကို လက်နဲ့အသာပင့်တင်လိုက်ပြီး အကြည့်ချင်းဆုံစေလိုက်သည်။ ကြောက်လန့်နေသလိုမျက်လုံးလေးတွေကို ဂျောင်ဂုမြင်လိုက်တော့ စိတ်တွေထိန်းချုပ်မရတော့ပါ။
"ကိုကိုလေ... အငယ်လေးနဲ့ ရည်းစားတွေဖြစ်ချင်တယ်။"
တဖြည်းဖြည်းတိုးကပ်လာပြီး နံရံနဲ့ကပ်လိုက်တာကြောင့် လက်ထဲကအင်္ကျီလေးတောင်ပြုတ်ကျသွားရသည်။ထယ်ယောင်းရဲ့ ကျောင်းအင်္ကျီကုတ်လေးကို ချွတ်ပေးပြီး necktile လေးကိုဆွဲဖြည်ပေးနေသော ဂျောင်ဂုကြောင့် ထယ်ယောင်းမျက်နှာလေးဟာ အနီရောင်သန်းလို့လာသည်။
"ကို...ကိုကို?"
"hmm~"
shirt အင်္ကျီကြယ်သီးလေးကိုဖြုတ်ပေးပြီး ထယ်ယောင်းအပေါ်ပိုင်းကိုအဝတ်မဲ့စေလိုက်သည့်ဂျောင်ဂု။
"ဟင့်...သားကို"
#ရှူး~
"ကိုကိုဘာမှမလုပ်ဘူးလေ အငယ်လေးရေချိုးမှာမလား ကိုကိုကအင်္ကျီချွတ်ပေးရုံပဲ။"
မျက်ရည်လေးတွေရစ်ဝိုင်းက နားရွက်ကလေးတွေကအစနီနေတာကြောင့် ဂျောင်ဂု သူ့လုပ်ရပ်တွေကိုရပ်တန့်လိုက်သည်။ပါးလေးကိုတစ်ချက်နမ်းလိုက်တော့ သူ့ပုခုံးကိုလာပြီးဆုပ်ကိုင်သည့် လက်သွယ်သွယ်လေး။
"ဟင်း~ ကိုကိုလည်းရေချိုးတော့မှာမို့ သွားတော့မယ်။သြော်...ပြီးတော့ ကိုကိုပြောထားတာကိုမမေ့နဲ့နော်။"
ထယ်ယောင်း ဂျောင်ဂုအပြင်ကိုပြန်ထွက်သွားသည်အထိကို ထိုအတိုင်းကြောင်ပြီးရပ်နေမိသည်။တော်တော်နဲ့ရေမချိုးဖြစ်ဘဲ ကုတင်မှာထိုင်နေသည့်ထယ်ယောင်း။
"ဟင့်...ကိုကိုဘာလို့ပြောင်းလဲသွားရတာလဲ။"
စောင်လေးကိုဆုပ်ကိုင်လိုက်ပြီး ထိုင်နေမိသည်။အဲ့နေ့ကတည်းက ကိုကိုမုန့်စားဖို့ခေါ်တာကိုသူမလိုက်ဖြစ်ခဲ့ရင် အခုလိုတွေဖြစ်လာစရာမရှိဘူးလေ။ဒါမှမဟုတ် ကိုကိုထိုင်ခိုင်းခဲ့တဲ့နေရာမှာသာသူနေခဲ့ရင်လည်း အခြေအနေတွေပြောင်းလဲသွားစရာအကြောင်းမရှိဘူး။