မာမီက သူငယ်ချင်းတွေနဲ့တွေ့စရာရှိတယ်ဆိုပြီး မနေ့ကတည်းကပြန်မလာသေးတာကြောင့် တစ်အိမ်လုံးမှာသူတို့နှစ်ယောက်တည်းဆိုတဲ့အသိက သူ့စိတ်ကိုတွန်းအားပေးလို့နေသည်။အငယ်လေးကိုကြည့်တော့လည်း အိမ်နေရင်းအင်္ကျီလေးနဲ့ခပ်အုပ်အုပ်ဆံပင်ကလေးဖြင့် စိတ်ဝင်တစားTVကြည့်နေသည်မှာအသည်းယားစရာလေးဖြစ်သည်။
"အငယ်လေး~"
သူလည်းခေါ်လိုက်ရော တစ်နေရာကိုထသွားဖို့ပြင်နေတာကြောင့် ဂျောင်ဂုအလျင်အမြန်ပင်အရှေ့ကနေပိတ်ရပ်လိုက်သည်။အတင်းရှောင်ထွက်ဖို့ကြိုးစားနေသည်မို့ ဂျောင်ဂုထွက်သွားခွင့်မပေးခဲ့။
"ဘာဖြစ်လို့လဲ ကိုကို အငယ်လေးကိုစကားပြောချင်လို့ပါကွာ ခဏလေးပါပဲ...နော်။"
ထယ်ယောင်းမိုးလင်းကတည်းက ကိုကိုလိုက်နှောက်ယှက်ခြင်းကိုခံနေရသည်မို့ စိတ်ညစ်လှပါသည်။ထိပ်တိုက်မတွေ့အောင် ရင်ဆိုင်ပေမယ့် မရပါ။စကားပြောချင်လို့ဆိုတော့ နားထောင်ပေးလိုက်ပါမယ်။
"ကိုကို့မာမီမလာခင် အပြီးပြောပါ။"
"ဟူး~ကိုကိုလေ...အငယ်လေးကို ချစ်တော့မယ်ထင်တယ်။"
ချစ်တော့မယ်တဲ့။
ချစ်နေတာတောင်မဟုတ်တဲ့ ကိုကိုကသူ့ကိုဒီစကားပြောဖို့ အချိန်တော်တော်ယူစဥ်းစားလိုက်ရသည်ထင်ပါတယ်။ချစ်တော့မယ်တဲ့လား...သားကတော့ ကိုကို့ကိုချစ်ခဲ့တာ။"ကိုကိုပြောလို့ပြီးသွားပြီလား။"
"မပြီးသေးပါဘူးကွာ...အဲ့လိုစိမ်းစိမ်းကားကားကြီးမလုပ်ပါနဲ့နော်။ကိုကိုစိတ်ထဲတစ်မျိုးကြီးပဲ အငယ်လေးရာ..."
ဂျောင်ဂုပြောလည်းပြော ထယ်ယောင်းရဲ့ကိုယ်လုံးသွယ်သွယ်လေးကိုရင်ခွင်ထဲအတင်းဆွဲသွင်းကာ ဖက်ထားလိုက်သည်။အငြိမ်မနေသည့် ထယ်ယောင်းကိုယ်လုံးလေးကတော့ ဂျောင်ဂုရင်ခွင်ထဲမှာ ထွန့်ထွန့်လူးကာရုန်းလို့နေသည်။
ဧည့်ခန်းထဲမှာရုန်းရင်းဆန်ခတ်ဖြစ်နေသည့် သူတို့နှစ်ယောက်ဟာဟန်ချက်မထိန်းနိုင်ဘဲ ဆိုဖာခုံလေးပေါ်လုံးထွေးကာကျသွားသည်။အပေါ်စီးကနေ အုံ့မို့လျှက်သားဖြစ်နေသည့်ဂျောင်ဂုက အလျင်အမြန်ပင် ထယ်ယောင်းရဲ့လည်ပင်းလေးကိုငုံ့ကာစုပ်ယူလိုက်သည်။
ပူနွေးနေတဲ့ အာခံတွင်းဖြင့်စုပ်ယူခြင်းခံလိုက်ရတာမို့ ထယ်ယောင်းအထိအတွေ့မှာ အသံမထွက်အောင်ထိန်းလိုက်ရသည်။ရုန်းနေတဲ့လက်တွေကလည်း အားပင်မရှိတော့သလို။အသံတွေထွက်သည်အထိ စုပ်ယူခြင်းကိုခံနေရသည့်သူ့လည်ပင်းတွေကတော့ အနီကွက်တွေရဲပလောင်းခတ်နေမှာမလွဲပေ။